မာနယ်ပလော
မာနယ်ပလော သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တည်ရှိခဲ့သော ရွာတစ်ရွာ ဖြစ်သည်။ ယင်းကို ကရင်လူမျိုးများ အုပ်ချုပ်သော လွတ်လပ်သည့်ပြည်နယ် ကောသူးလေ၏ မြို့တော်အဖြစ် အဆိုပြုခဲ့ကြသည်။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး[2] ၁၉၉၂ ခုနှစ်တွင် အစိုးရစစ်တပ်၏ တိုက်စစ်ကြောင့် နေထိုင်သူများ မစွန့်ခွာမီက လူဦးရေ ၃,၀၀၀ ခန့် ရှိခဲ့သည်။[1] ကရင်ပြည်နယ်တွင် ရွာအဖြစ် ၁၉၇၅ တွင် တည်ထောင်ခဲ့သည်။
Manerplaw | |
---|---|
ရွာပျက် | |
Manerplaw | |
ကိုဩဒိနိတ်: 17°43′30″N 97°44′6″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကရင်ပြည်နယ် |
ခရိုင် | ဖာပွန်ခရိုင် |
မြို့နယ် | ဖာပွန်မြို့နယ် |
တည်ထောင် | ၁၉၇၅ |
စွန့်ပစ် | ၁၉၉၅ |
လူဦးရေ (မထွက်ပြေးမီ) | ၃,၀၀၀[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အပါအဝင် အတိုက်အခံအဖွဲ့အစည်းများ၏ ဌာနချုပ်သည် မာနယ်ပလောတွင် တည်ရှိခဲ့သည်။[2]
မာနယ်ပလောကို တပ်မတော်နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များက ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ တွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းတွင် စွန့်ပစ်ခဲ့သည်။[3]
ကိုးကား
- The Ethnic Minority Fighting a Burmese Onslaught။ Journeyman Pictures (April 1992)။ 24 April 2016 တွင် ပြန်စစ်ပြီး။
- The Politics of Pressure: The 1990's and the Fall of Manerplaw။ The Museum of Karen History and Culture။ 19 April 2018 တွင် ပြန်စစ်ပြီး။
- The Fall of Manerplaw. KHRG Commentary February 1995။ 20 April 2017 တွင် ပြန်စစ်ပြီး။