ရွှေအိမ်သည်

ရွှေအိမ်သည် (ရွှေအိမ်စည် ဟုလည်း သိကြ) သည် ပုဂံခေတ်မှ နန်းတွင်း မင်းသမီးတစ်ပါး ဖြစ်သည်။ ကျန်စစ်သားနှင့် အပယ်ရတနာတို့၏ တစ်ဦးတည်းသော သမီးတော် ဖြစ်ပြီး အလောင်းစည်သူ၏ မိခင်ဖြစ်သည်။[1][2]:156

ရွှေအိမ်သည်
မွေးဖွား၁၀၇၀ ဆယ်စုနှစ် အစောပိုင်း
ပုဂံ
ကွယ်လွန်မသိရှိရ
ပုဂံ
အိမ်ထောင်ဖက်စောယွန်း
သားသမီးများစိုးဆိုင်
အလောင်းစည်သူ
စံအိမ်ပုဂံ
ခမည်းတော်ကျန်စစ်သား
မယ်တော်အပယ်ရတနာ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရွှေအိမ်သည်မင်းသမီးသည် ပဋိက္ခရား အမည်ရှိသော နိုင်ငံခြားသား မင်းသားတစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်ဟု ရာဇဝင်တွင် ဆိုကြသည်။[3] ၁၀၈၄ ခုနှစ်တွင် ကျန်စစ်သား နန်းတက်ပြီးနောက် ပုဂံပြည်သို့ အလည်လာရောက်သော မင်းသားတစ်ပါးနှင့် ချစ်ကြိုက်ခဲ့သော်လည်း ဖခင် ကျန်စစ်သား သဘောမတူခဲ့သည့်အတွက် လက်မဆက်ဖြစ်ဘဲ စောလူးမင်း၏ သားတော် စောယွန်းမင်းသားနှင့် လက်ဆက်ခဲ့သည်ဟု ယူဆကြသည်။[1][4]

စောယွန်းနှင့် သားသမီးနှစ်ဦး ထွန်းကားခဲ့ပြီး စိုးဆိုင်နှင့် စည်သူ တို့ဖြစ်ကြသည်။

မှတ်စု

  1. Harvey 1925: 39
  2. Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans.Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1
  3. Harvey 1925: 39, 329
  4. Hmannan Vol. 1 2003: 279–280

ကိုးကား

  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Royal Historical Commission of Burma (1832)။ Hmannan Yazawin (Burmeseဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: unrecognized language (link)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.