လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သည် လျှပ်စစ်စွမ်းအားနှင့် စွမ်းအင် ဝန်ကြီးဌာန ၂ခုကိုပေါင်း၍ သမ္မတ ဦးထင်ကျော်မှ ဖွဲ့စည်းထားသော ဝန်ကြီးဌာနဖြစ်သည်။
Ministry of Electricity and Energy | |
![]() | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
---|---|
ဖွဲ့စည်းသည့်အချိန် | မတ် ၃၀၊ ၂၀၁၆ |
ယခင်အဖွဲ့အစည်း | လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန စွမ်းအင်ဝန်ကြီးဌာန |
ဌာနချုပ် | ရုံးအမှတ် (၂၇)၊ နေပြည်တော် |
ဝန်ကြီးများ | ဦးဝင်းခိုင် |
ဝက်ဘ်ဆိုက် | moee.gov.mm |
ဝန်ကြီးများ
ပြည်ထောင်စုအစိုးရသစ်စတင်ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသောဝန်ကြီးဌာန ၄ခု ကိုကိုင်တွယ်ခဲ့သည်။ ၎င်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူး စတင်ပြီးနောက် ပညာရေးနှင့် လျှပ်/စွမ်း ကို လွှဲပြောင်းပေးခဲ့ရာ ဦးဖေဇင်ထွန်းမှာ ဝန်ကြီးဖြစ်လာသည်။ ဦးဖေဇင်ထွန်း အနားယူပြီးနောက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်မှ ပူးတွဲတာဝန်ယူခဲ့သည်။၂၀၁၈ခုနှစ် ဇန်နဝါရီတွင် ဆောက်လုပ်ရေးကိုမကိုင်တွယ်တော့ဘဲ လျှပ်စစ်စွမ်းအင်ကိုသာ ကိုင်တွယ်ခဲ့သည်။[1][2]
- ဒေါ်အောင်ဆန်းစုကြည်
- ဦးဖေဇင်ထွန်း
- ဦးဝင်းခိုင်
ဖွဲ့စည်းပုံ
- ဝန်ကြီးရုံး
- လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာန
- ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန
- ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန
- လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း
- လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်း
- မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း
- မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း
- မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း
- ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
- မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ကိုးကား
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.