ဝဏ္ဏကျော်ထင်ဘွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[1]

ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိခဲ့သူများ

  1. ဦးသိန်းဟန် (ဇော်ဂျီ) ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၄၉) နှင့် သီရိပျံချီ (၁၉၆၁)
  2. ဦးသန့် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၄၉)၊ သီရိပျံချီ (၁၉၅၃)၊ စည်သူ (၁၉၅၇)၊ မဟာသရေစည်သူ (၁၉၆၁)
  3. ပါမောက္ခ ဦးဧမောင် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ)နှင့် သီရိပျံချီဘွဲ့ (၁၉၆၂)
  4. ဂီတစာဆို ဝိုင်အမ်ဘီ သခင်တင် ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ) (မြန်မာနိုင်ငံတော်သီချင်း ရေးစပ်သီးကုံးထားခဲ့သူ တို့ဗမာအစည်းအရုံးဝင်)
  5. ဇေယျကျော်ထင်ဗိုလ်မှူးဗကို (MA, Yale) (ဗိုလ်ဗကို) ဝဏ္ဏ ကျော်ထင်ဘွဲ့ (၁၉၅ဝ) နှင့် စာပေဗိမာန် ၁၉၅၇ အကယ်ဒမီ
  6. အေဝမ်းဦးတင်နွယ် (ရုပ်ရှင်ပြဇာတ်အစည်းအရုံးဥက္ကဋ္ဌ) ၁၉၅၀
  7. ဇာတ်မင်းသားကြီး ဦးဘိုးစိန် T.P.S
  8. ဝဏ္ဏကျော်ထင် ဦးဘမြိုင် [မြစ်ကြီးနားအရေးပိုင်(ခရိုင်ဝန်)နောင်တွင် မကွေးတိုင်း တိုင်းမင်းကြီး]{အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၌ ကချင်ပြည်နယ်တွင် တစ်ဦးတည်းသော ဂုဏ်ထူးဆောင်ဘွဲ့ အပ်နှင်းခြင်းခံရသော ပုဂ္ဂိုလ်}
  9. ပရော်ဖက်ဆာ ဦးအေးမောင် (မြန်မာစာ)
  10. ဦးဝန် (မင်းသုဝဏ်)(ကထိက) (သီရိပျံချီ၊ ၁၉၆၂)(နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏​ဖခင်)
  11. ဦးယော (ဇေယျ) (ပြန်ကြားရေးညွှန်ကြားရေးဝန်) ၁၉၅၁
  12. ခင်ဇော်၊ ဦး (ကေ) (ဗမာ့အသံညွှန်ကြားရေးဝန်) ၁၉၅၄
  13. ဦးကိုလေး (MSc. Lond.) (ဇေယျာမောင်) မန္တလေးယူနီဗာစီတီကောလိပ်ကျောင်းအုပ်ကြီး
  14. အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်း (နွယ်စိုး) (MA, BL)
  15. ကာယဗလဦးရှိန် ၁၉၅၅
  16. ဦးသာတင် (မာဃ) ၁၉၅၆
  17. သခင်မ ဒေါ်သိန်းတင်
  18. စဝ်မန်ဖ
  19. စိန်အောင်မင်း
  20. ကက်နက်စိန်
  21. မင်္ဂလာဦးအောင်မောင်း
  22. ဦးထွန်းတင် (မန်းတင်) (ဒုအတွင်းဝန်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး) (နိုင်ငံတော်ကောင်စီဝင်)
  23. ဒေါက်တာမြင့်ဆွေ (ဆဋ္ဌသင်္ဂါယနာဘိသိက်) ဆင်းဒဝစ်လမ်း ၁၉၅၈
  24. ဦးစိန်ညွန့် (မန္တလေးပန်တျာနှင့်ပြဇာတ်ကျောင်းအုပ်ကြီး)
  25. ဒေါ်ဩဘာသောင်း (ဒေါ်သောင်း) (အကနည်းပြ၊ပန်တျာ)
  26. ဒေါ်အောင်ကြည် (ပန်တျာမူမှန်ပြုပြင်ရေးအဖွဲ့)
  27. သုဓမ္မဝတီဦးပန်းမောင်
  28. မင်းသားမျိုးချစ်
  29. ဇေယျ အကယ်ဒမီ
  30. ဖိုးပါကြီး အကယ်ဒမီ
  31. ကြည်ကြည်ဌေး အကယ်ဒမီ
  32. မေသစ် အကယ်ဒမီ
  33. မေရှင် (ဗမာ့အသံ)
  34. ဗြိတိသျှဘားမားဦးချန်ထွန်း အကယ်ဒမီ
  35. ရန်နိုင်စိန် ပြဇာတ်ညွှန်ကြားရေးမှူး
  36. ပါဠိပါမောက္ခဦးအောင်သန်း (ရန်ကုန်) ၁၉၅၉
  37. ပန်းချီဦးစံဝင်း(ပညာမင်းကြီးရုံး) ၁၉၆၀
  38. ရွှေဥဒေါင်း(ဦးဖေသိန်း) ၁၉၆၁
  39. ကြီးပွားရေးဦးသိန်း (ရန်ကုန်ခရိုင်လူမှုဝန်ထမ်းကောင်စီအတွင်းရေးမှူး)
  40. အမတ်ဟောင်းသခင်မဒေါ်ခင်လှ (ဝင်္ကပါအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ)
  41. စိန်မြမောင် ၁၉၆၂
  42. ဦးသက်ထွန်း ညွှန်ကြားရေးဝန်၊ ဗဟိုစာရင်းအင်းနှင့်စီးပွားရေးဌာန (သံအမတ်)
  43. ဦးဝင်းဖေ MPA (Harvard) (ဆရာကြီး မြဇင်)[2]
  44. ဦးဘသန်းတင်
  45. ဒေါ်မေမေခင် [3]
  46. ဂိုအင်ကာ
  47. ရှင်မဟာဗုဒ္ဓဃောသ ဦးဘသန်း
  48. ဝင်းမြင့် (ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)
  49. ဇေကမ္ဘာ ဦးခင်ရွှေ[4]
  50. ဒေါက်တာ စိုးညွန့်(ထီလာစစ်သူ)
  51. မီးသတ်ဦးစီးဌာနညွှန်ကြားရေးဝန် ဦးခင်မောင်လွင်(၁၉၅၆)
  52. ဦးမြင့်နိုင်(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်-အဖွဲ့ဝင်)
  53. ဦးဇော်မိုးခိုင် (ဥက္ကဋ္ဌ၊ Pacific – AA Group/ AA Medical Products Ltd)[5]
  54. ဦးမောင်ကို (ဥက္ကဋ္ဌ၊ ထာဝရကုမ္ပဏီများအုပ်စု၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး)[5]

ဆက်လေ့လာရန်

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. မြန်မာနိုင်ငံဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ထူးဆောင်တံဆိပ်များသမိုင်း -သန်းထွန်း (မော်လမြိုင်)၊ စာပေဗိမာန်၊ ၂၀၁၀မှ
  3. ၇ ရက်နေ့စဉ်သတင်းစာ၊ အမှတ် (၇၈၃)၊ ၀၃ ဇူလှိုင်လ ၂၀၁၅
  4. http://burmese.dvb.no/archives/314317?fbclid=IwAR2kAi01JTuO7LE8dVmzuthqb4qZqy7T7GbXAM1yh0ZlajMNm1NiF7VaQHE
  5. "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၁ ၁၃၈၂ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၆ ရက် ( ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) | Ministry Of Information"၊ www.moi.gov.mm
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.