သိန်းခို

သိန်းခိုမင်း သက္ကရာဇ် ၂၆၃ မှ ၂၇၉-ခုနှစ်

သိန်းခိုမင်းသည် ပုဂံမင်းဆက် မြင်းခံငခွေး ခေါ် စလေငခွေး၏ သားတော်ဖြစ်သည်။ စလေငခွေး လွန်လေသော် သားတော် သိန်းခိုမင်း ဆက်ခံသည်။ သိန်းခိုမင်း ထီးနန်းစိုးစံချိန် ၁၆-နှစ်ရှိချိန်တွင် တောကစားရာသွားရာတွင် ထမင်းမွတ်၍ သခွားသီးများကို ဆွတ်ခူး စားသောက်လှျင် တောင်သူကြီး တူးရွင်းဖြင့် ရိုက်သတ်၍ ကံတော်ကုန်လေသည်။

သိန်းခိုမင်း ကံကုန်သောအခါ တောင်သူကြီးအား မူးမတ်များက နန်းတင်လေသောအခါ တောင်သူကြီးမင်းဟု တွင်လေသည်။

ကိုးကား

    • မှတ်ချက်။ ။သက္ကရာဇ်များကို ဦးကုလားရေးသော ရာဇဝင်ချုပ်စာအုပ်မှ အမှန်ယူ ရေးသားပါသည်။
    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.