ချီဖွေမြို့

ချီဖွေမြို့သည် ကချင်ပြည်နယ်မြစ်ကြီးနားခရိုင်တွင် ပါဝင်သော မြို့နယ်အဆင့်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့မှအရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာ မေခမြစ်အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိသည်။ အရှေ့တောင်ဖက် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် ပန်ဝါမြို့နှင့် ၄၀ မိုင်ခန့်ကွာဝေးသည်။ မြောက်ဖက်တွင် လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့များသို့ မော်တော်ကားလမ်းဖြင့် ဆက်သွယ်ထားသည်။

ချီဖွေမြို့
မြို့
ချီဖွေမြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 25°51′N 98°06′E
နိုင်ငံအမည် မြန်မာ
ပြည်နယ် ကချင်
ခရိုင်မြစ်ကြီးနား
မြို့နယ်ချီဖွေ
လတ္တီကျု(၂၅)ဒီဂရီ၊ (၅၁)မိနစ်
လောင်ဂျီကျု(၉၈)ဒီဂရီ၊ (၆)မိနစ်
လူဦးရေ (၂၀၁၄)၁,၅၆၇[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)
ချီဖွေရေအားလျှပ်စစ်စီမံကိန်း

ထောင်ဖက်တွင် မြစ်ကြီးနားမြို့နှင့် မော်တော်ကားလမ်း ဆက်သွယ်ထားသည်။ ချီဖွေမြို့ တောင်ဖက် ၆ မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီးတွင် တရုတ်စီပီအိုင်ကုမ္ပဏီပိုင် ချီဖွေငယ် ရေအားလျှပ်စစ်စက်ရုံ (စက်တပ်ဆင်အင်အား -၉၉ မဂ္ဂါဝပ်)နှင့် ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်တွင် ချီဖွေရေအားလျှပ်စစ်စီမံကိန်း (၃၄၀၀မဂ္ဂါဝပ်)တို့ တည်ရှိသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.