ကာမိုင်းမြို့

ကာမိုင်းမြို့ သည် မြန်မာနိုင်ငံကချင်ပြည်နယ်မိုးညှင်းခရိုင်ဖားကန့်မြို့နယ်တွင် ပါဝင်သည့် မြို့တစ်မြို့ ဖြစ်သည်။ မိုးကောင်းမြို့မှ အထက်သို့ မိုးကောင်းချောင်းအတိုင်း ဆန်တက်သော် ရေလမ်းခရီး မိုင် ၇ဝ ခန့် အကွာတွင် တည်ရှိသည်။ သို့သော် ကားလမ်းမှဆိုလျှင် ၂၅ မိုင်မျှသာ ဝေးလေသည်။ ကားမိုင်းမြို့မှာ ယခင်က မြစ်ကြီးနားခရိုင်၌ ပါဝင်၍ ကာမိုင်းတောင်တန်းနယ်၊ မိုးကောင်းတောင်တန်းနယ်၊ မိုးညှင်းတောင်တန်းနယ်၊ ဟူးကောင်း ပယင်း တွင်းနယ်၊ နာဂတောင်တန်းနယ်နှင့် ကျောက်စိမ်းတွင်းနယ်များ ဆိုင်ရာ တောင်တန်းဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။

ကာမိုင်းမြို့
မြို့
ကာမိုင်းမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 25°31′0″N 96°44′0″E
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်မိုးညှင်းခရိုင်
မြို့နယ်ဖားကန့်မြို့နယ်
လူဦးရေ (၂၀၁၄)၁၉,၄၃၀[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+f6.30)

မြို့မှာ စတုရန်းတစ်မိုင် ကျယ်ဝန်းပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၉,၄၃၀ ယောက်မျှရှိ၏။[1] မြို့သူမြို့သားများမှာ အများအားဖြင့် တံငါနှင့်တောင်သူလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ မိုးကောင်း ချောင်းဖျားရှိ ကော်ဖတ်ခြံများမှ ကော်ဖတ်များနှင် ကျောက်စိမ်းများကို အရောင်းအဝယ် ပြုကြသည်။

ရာသီဥတုမှာ အေးမြစိုစွတ်သဖြင့် မိုးဥတုတွင် အဖျားအနာ ထူထပ်၏။ ကျောက်စိမ်းစသော တွင်းထွက် ပစ္စည်းများအတွက် အကောက်တော်ရုံးရှိ၍ နှစ်စဉ် အခွန်တော်များစွာ ရရှိလေသည်။

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.