ဆဒုံးမြို့

ဆဒုံးမြို့ သို့မဟုတ် ဆဒေါင်မြို့ သည် မြန်မာနိုင်ငံကချင်ပြည်နယ်မြစ်ကြီးနားခရိုင်ဝိုင်းမော်မြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။[2]

ဆဒုံးမြို့
မြို့
ဆဒုံးမြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 25°23′34″N 97°53′59″E
နိုင်ငံ မြန်မာ
ပြည်နယ်ကချင်ပြည်နယ်
ခရိုင်မြစ်ကြီးနားခရိုင်
မြို့နယ်ဝိုင်းမော်မြို့နယ်
လူဦးရေ (၂၀၁၄)၁၀,၄၉၆[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မြစ်ကြီးနားမြို့အရှေ့ဘက် မိုင် ၄ဝ ခန့်အကွာ ပေ ၄ဝဝဝ ကျော်မြင့်သော တောင်တန်းတစ်ခုပေါ်တွင် တည်ရှိသည်။ ရာသီဥတုမျှတသော မြို့ဖြစ်သည်။ မြစ်ကြီးနားမှ တရုတ်နယ်စပ်ရှိ ကမ်ပိုင်တိတောင်ထိပ် သွားရာကားလမ်းအနီးတွင် တည်ရှိသည်။ ကားလမ်းခရီးဖြင့်သာ သွားလာနိုင်သည်။ ယခင်က ကချင်တောင်တန်းဒေသကို အုပ်ချုပ်သော နယ်ခြားဝန်ထောက် ရုံးစိုက်ရာ ဌာန ဖြစ်ခဲ့သည်။[3]

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၄၉။
  2. Kachin District Map Myanmar Information Management Unit (၂၃ အောက်တိုဘာ ၂၀၁၇)။ 6 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၉ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.