ဗန်းမော်ခရိုင်
ဗန်းမော်ခရိုင် သည် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်တစ်ခု ဖြစ်သည်။ မြို့နယ် ၄ ခုပါဝင်ကာ ခရိုင်ရုံးစိုက်ရာမြို့မှာ ဗန်းမော်မြို့ ဖြစ်သည်။ အကျယ်အဝန်းမှာ ၁၀,၇၄၂.၉ စတုရန်းကီလိုမီတာ ဖြစ်သည်။[1] ဗန်းမော်ခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၃၄၆,၅၀၃ ယောက်[2] ဖြစ်သည်။
ဗန်းမော်ခရိုင် | |
---|---|
![]() ![]() ဗန်းမော်ခရိုင် | |
ကိုဩဒိနိတ်: 24°15′N 97°15′E | |
နိုင်ငံ | ![]() |
ပြည်နယ် | ကချင်ပြည်နယ် |
မြို့နယ်ပေါင်း | ၄ |
မြို့တော် | ဗန်းမော်မြို့ |
ဧရိယာ | |
• စုစုပေါင်း | ၄၁၄၇.၉ စတုရန်းမိုင် (၁၀,၇၄၂.၉ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | ၃၄၆,၅၀၃ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
မြို့နယ်နှင့် မြို့များ
ဗန်းမော်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။ [3]
ထိစပ်လျက်ရှိသော နယ်နမိတ်များ
ဗန်းမော်ခရိုင်နှင့် ထိစပ်လျက်ရှိသော ဒေသများမှာ အရှေ့ဖက်တွင် တရုတ်နိုင်ငံ၊ တောင်ဖက်နှင့် အနောက်တောင်ဖက်တွင် ကျောက်မဲခရိုင် (ရှမ်းပြည်နယ်)၊ အနောက်ဖက်တွင် ကသာခရိုင် (စစ်ကိုင်းတိုင်းဒေသကြီး)၊ အနောက်မြောက်ဖက်တွင် မိုးညှင်းခရိုင်၊ မြောက်ဖက်နှင့် အရှေ့မြောက်ဖက်တွင် မြစ်ကြီးနားခရိုင် တို့ဖြစ်သည်။
ကိုးကား
- "Burma population statistics: Kachin" Archived 22 July 2010 at the Wayback Machine. GeoHive
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၄၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး
- မြန်မာ သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန။ 1 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 February 2015 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.