ဓမ္မသင်္ဂဏီ
ဓမ္မသင်္ဂဏီကျမ်း သည် ပရမတ္ထတရားများကို ရေတွက်ပေါင်းရုံးပြသော ကျမ်းဖြစ်သည်။ ဓမ္မ-တရား၊ သင်္ဂဏီ-ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထိုသို့ ပေါင်းရုံးပြရာတွင် ဦးစွာ ခေါင်းစဉ် မာတိကာများကို ဟောကြားပြီးမှ ထိုမာတိကာများအလိုက် အဓိပ္ပါယ် အကျယ်ကို ဆက်လက် ဟောကြားတော်မူသည်။
ပိဋကတ် သုံးပုံ |
---|
ဝိနယပိဋက |
သုတ္တန်ပိဋကတ် |
အဘိဓမ္မာပိဋကတ် |
ဓမ္မာသင်္ဂီဏီကျမ်းတွင် ရုပ်၊ စိတ်၊ စေတသိတ် စသည့်အလုံးစုံသော သဘာဝတရားများကို တစ်ခုချင်း အသေးစိတ် ရေတွက် ပြထားသည်။ ထိုသို့ ရေတွက်ရာတွင် ၎င်းတို့၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်နှင့် အချင်းချင်း အပြန်အလှန် ဆက်နွယ် ကျေးဇူးပြုပုံများအလိုက် ပေါ်လွင်စေရန် အမျိုးအစားများခွဲခြား၍ ရှင်းပြထားသည်။
မာတိကာကျမ်းအား တိကမာတိကာ၊ ဒုကမာတိကာ နှင့် သုတ္တန္တိကဒုကမာတိကာဟု သုံးမျိုးခွဲခြားထားသည်။ ဒုကမာတိကာတွင်ခေါင်းစဉ်ခွဲ၁၃ခုရှိပြီး ကျန်မာတိကာနှစ်မျိုးတွင်ခေါင်းစဉ်ခွဲမရှိပါ။
တိကမာတိကာဟူသည်မှာ သုံးမျိုးသုံးစားခွဲခြားဟောပြတော်မူသောကြောင့် တိကမာတိကာ၊ နှစ်မျိုးနှစ်စားခွဲခြားဟောပြတော်မူခြင်းကြောင့် ဒုကမာတိကာ ဟုခေါ်ဆိုသည်။
သုတ္တန္တိကဒုကမာတိကမှာဘုရားဟောမဟုတ်ဘဲ အရှင်အာနန္ဒာ[ဓမ္မဘဏ္ဍာဂါရိက(တရားဘဏ္ဍာစိုး)]မှ ပထမ သံဃာယနာတင်ပွဲ တွင်ပြန်လည်သဟာကြားထားသောတရားဖြစ်သည်။