ဒီဃနိကာယ်

ဒီဃသည် ရှည်သောဟု အဓိပ္ပာယ်ရသည်။ ဒီဃနိကာယသည် ရှည်လျားသော သုတ် (၃၄)သုတ်ကို စုပေါင်းထားသော နိကာယ်ဖြစ်၏။ ဒီဃနိကာယ၌ အစုဟု အဓိပ္ပါယ်ထွက်သော ဝဂ္ဂအားဖြစ် သုံးဝဂ်ခွဲခြားထားသည်။ ၎င်းတို့မှာ သီလက္ခန္ဓဝဂ္ဂ၊ မဟာဝဂ္ဂ၊ ပါထိကဝဂ္ဂ ဟူ၍ ဖြစ်ကြသည်။ ၎င်းတို့သည် သုတ်သုံးကျမ်းဟူ၍လည်း ထင်ရှားသည်။ သီလက္ခန္ဓဝဂ္ဂတွင် ၁၃ သုတ်၊ မဟာဝဂ္ဂတွင် ၁၀ သုတ်၊ ပါထိကဝဂ္ဂတွင် ၁၁ သုတ် ပါဝင်သည်။ ဒီဃနိကာယကျမ်းတွင် ဒိဋ္ဌိ (၆၂)ပါး၊ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒ ထူထောင်ခဲ့ကြေသာ တိတ္ထိဂိုဏ်းဆရာကြီး (၆) ဦးတို့၏ ဝါဒရေးရာနှင့် ရဟန်းဖြစ်ခြင်းအကျိုးတရားများ၊ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံခန်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မမူမီအခြေအနေများ၊ ကမ္ဘာ့ဖြစ်ပုံ၊ ပျက်ပုံ အယူအဆများ၊ အိမ်ရာတည်ထောင်ထားသော လောကီလူသားများအတွက် ပေါင်းသင်းဆက်ဆံရေး လူ့ကျင့်ဝတ်တရားများ ပါဝင်သည်။ ထင်ရှားသော သတိပဋ္ဌာန်သုတ်သည် ဒီဃနိကာယတွင် ပါဝင်သည်။ [1]

အစုများ ခွဲခြားပုံ

ဒီဃနိကာယ (ရှည်လျားသော ဒေသနာများ အစု)၌ သုံးစုထပ်၍ ခွဲပြန်လေသည်။ ဤသုံးစုကို ဝဂ္ဂဟုခေါ်သည်။ ဝဂ္ဂဟူသော ပါဠိစကား၏ အဓိပ္ပါယ်မှာ အစုဟုပင် ဖြစ်သည်။ မြန်မာအခေါ်အားဖြင့် ဝဂ် ဟုခေါ်သည်။

ထို ဝဂ္ဂ သုံးခု သို့ သုံး ကျမ်းတို့မှာ

  1. သီလက္ခန္ဓဝဂ္ဂ ပါဋ္ဌိတော် (သီလက္ခန္ဓဝဂ်) (ဒေသနာ ၁၃ ပုဒ်)
  2. မဟာဝဂ္ဂ ပါဋ္ဌိတော် (မဟာဝဂ်) (ဒေသနာ ၁၀ ပုဒ်)
  3. ပါထိကဝဂ္ဂ ပါဋ္ဌိတော် (ပါထိယျဝဂ်) (ဒေသနာ ၁၁) တို့ ဖြစ်သည်။[2]

သီလက္ခန္ဓဝဂ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သီလက္ခန္ဓဝဂ္ဂ

မဟာဝဂ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - သုတ်မဟာဝါ

ပါထိကဝဂ်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပါထိကဝဂ္ဂ

ကိုးကား

  1. Dr. Tin Swe,MBBS,Ph.D - Illustrated History of Buddha's Sasana (Vol.2. 1990)
  2. ပါဠိတော်မြန်မာပြန်ကျမ်းများ၏ ကျမ်းဦးမှတ်ဖွယ်များ (သာသနာရေး ဝန်ကြီးဌာန)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.