ဝိဘင်း

ဝိဘင်္ဂ (ဝိဘင်းကျမ်း) သည် ဓမ္မသင်္ဂဏီတွင် စုပေါင်းရေတွက်ခဲ့သည့် ပရမတ္ထတရားများကို ၁၈-ပိုင်းခွဲပြီး နည်း ၃-နည်းဖြင့် အကျယ်ဝေဖန် ဟောကြားသည့် ကျမ်းဖြစ်သည်။ ဝိဘင်္ဂ အကျယ်ဝေဖန်ဟောခြင်း ဖြစ်သည်။ နည်း ၃-နည်း မှာ ..

  1. တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တန္တဘာဇနီယနယ)
  2. အထက်တန်း တရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)
  3. တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဉှာပုစ္ဆကနယ) …

တို့ဖြစ်သည်။

ဘာသာပြန်ခြင်းများ

အဘိဓမ္မာပိဋကတ်၏ ဒုတိယကျမ်းဖြစ်သော ဝဘင်္ဂ (သို့) ဝိဘင်းကျမ်းကို အင်္ဂလိပ်ဘာသာသို့ အရှင်သေဋ္ဌိလက The Book Of Analysis အမည်ဖြင့် ပထမဆုံး စတင်ပြန်ဆိုခဲ့သည်။ ထိုစာအုပ်တွင် စာမျက်နှာ (၅၆၀) ပါရှိပြီး (၁၈) ခန်းခွဲ၍ ရေးသားထားကာ လန်ဒန်ရှိ ပါဠိစာပေအသင်းက ၁၉၆၉ တွင် ပထမအကြိမ်အနေဖြင့် ထုတ်ဝေခဲ့သည်။[1]

ကိုးကား

  1. tr U Thittila, 1969/1988, Pali Text Society, Bristol


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.