စောမင်းဝိုင်း
စောမင်းဝိုင်း (ဖွားစော ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ဃ ဥဇနာမင်းသား၏ မိဖုရားနှစ်ပါးအနက် တစ်ပါး ဖြစ်သည်။[1] နရသိင်္ဃကို မည်သည့်ရာဇဝင်ကျမ်းကမှ ပုဂံဘုရင်အဖြစ် ဖော်ပြခြင်း မပြုသော်လည်း အိပ်ဂျီလုစ် နှင့် ဒေါက်တာသန်းထွန်းကဲ့သို့သော သမိုင်းပညာရှင်အချို့က နရသိင်္ဃကို ဘုရင်တစ်ပါးအဖြစ် အသိအမှတ်ပြုကြသည်။[2][3] ဒေါက်တာထင်အောင်နှင့် မိုက်ကယ်အောင်သွင်ကဲ့သို့သော အချို့သော သမိုင်းပညာရှင်များကမူ နရသိင်္ဃအား ဘုရင်အဖြစ် အသိအမှတ် မပြုကြပေ။[2][4]
စောမင်းဝိုင်း | |
---|---|
မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၁၂၃၁ – ၁၂၃၅ |
ရှေ့မင်းဆက် | မြောက်ပြင်သည် (ထီးလိုမင်းလို) |
ဆက်ခံသူ | ဖွားစော |
မွေးဖွား | c. ၁၁၉၃ ပုဂံ |
ကွယ်လွန် | ၉ ဖေဖော်ဝါရီ ၁၂၇၃ ပြီးနောက် ပုဂံ |
အိမ်ထောင်ဖက် | နရသိင်္ဃ ဥဇနာ |
သားသမီးများ | ဥဇနာ |
စံအိမ် | ပုဂံ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
ကျောက်စာအထောက်အထားများအရ သူမသည် နရသိင်္ဃနှင့် အေဒီ ၁၂၁၂ တွင် လက်ထပ်ပြီး ဖြစ်နိုင်ပြီး အသက် ၁၈ မှ ၂၀ နှစ်အတွင်း ရှိနိုင်သည်။[5] သူမသည် နရသိင်္ဃ၏ ပထမဆုံးဇနီး (သို့မဟုတ် မိဖုရားခေါင်) မဟုတ်သော်လည်း မိဖုရားခေါင်၏ သားတော်နှစ်ပါးထက် သူမ၏ သားတော် ဥဇနာက ထီးနန်းဆက်ခံသည်ကို ထောက်ရှု၍ သူမသည် ဩဇာအာဏာကြီးမားသူ ဖြစ်နိုင်ကြောင်း သိရသည်။[3] မိဖုရားစောမင်းဝိုင်း၏ နောင်တော်နှစ်ပါးမှာ အထက်တန်း အုပ်ချုပ်ရေး အရာရှိများ ဖြစ်ကြသည်။ ဒုတိယနောင်တော်မှာ မနောရာဇာ (မဟာသမန်ကြီး ဟုလည်း သိကြ) ဖြစ်ပြီး ကျစွာနှင့် ဥဇနာမင်းများလက်ထက်တွင် အမတ်ကြီးအဖြစ် အမှုထမ်းခဲ့သူ ဖြစ်သည်။[6][7]
သူမလှူဒါန်းခဲ့သော မင်းဝိုင်းဘုန်းကြီးကျောင်းရှိ ကျောက်စာအရ သူမသည် အေဒီ ၁၂၇၃ ဖေဖော်ဝါရီ ၉ ရက်နေ့အထိ သက်ရှိထင်ရှား ရှိနေဆဲ ဖြစ်သည်။[8] အခြားကျောက်စာတစ်ခုအရ သူမသည် ၁၂၇၇ အောက်တိုဘာတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်နိုင်သည်။[5]
သူမသည် ပုဂံခေတ် မိဖုရား ဖွားစော သုံးဦးတွင် ပထမဆုံး ဖွားစော ဖြစ်သည်။ အခြားနှစ်ဦးမှာ ဥဇနာမင်းနှင့် နရသီဟပတေ့တို့၏ မိဖုရားခေါင် စောလှဝန်းနှင့် ကျော်စွာဘုရင်၏ မိဖုရား စောသစ်မထီးတို့ ဖြစ်ကြသည်။[9]
မှတ်စု
ကိုးကား
- သန်းထွန်း ၁၉၆၄၊ စာ ၁၃၄
- ထင်အောင် ၁၉၇၀၊ စာ ၄၃
- သန်းထွန်း ၁၉၆၄၊ စာ ၁၃၂
- အောင်-သွင် နှင့် အောင်-သွင် ၂၀၁၂၊ စာ ၉၉
- ဘရှင် ၁၉၈၂၊ စာ ၃၆
- ဘရှင် ၁၉၈၂၊ စာ ၃၃
- သန်းထွန်း ၁၉၆၄၊ စာ ၁၄၂
- Taw, Forchhammer 1899: 127
- Maha Yazawin Vol. 1 2006: 234
ကျမ်းပြုစာရင်း
- Aung-Thwin၊ Michael A.; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9။
- ဘရှင်, ဗိုလ်မှူး (၁၉၆၆). "ပုဂံခေတ် ဖွားစောများ" (in မြန်မာဘာသာ). ရန်ကုန်: မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာန.
- ထင်အောင်၊ မောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
- ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး။ ၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ၁။ ရန်ကုန်: မဟာဒဂုံ။
စောမင်းဝိုင်း မွေးဖွား c. ၁၁၉၃ ကွယ်လွန် ၁၂၇၀ ဆယ်စုနှစ် | ||
Royal titles | ||
---|---|---|
ယခင်က မြောက်ပြင်သည် (ထီးလိုမင်းလို) |
မြောက်နန်းမတော် မိဖုရား ၁၂၃၁–၁၂၃၅ |
ဆက်ခံသူ ဖွားစော |