စောမြကန်

စောမြကန် သည် ပုဂံခေတ် နရပတိစည်သူမင်း၏ မိဖုရားတစ်ပါး ဖြစ်သည်။ သူမသည် ထီးလိုမင်းလိုမင်း၏ မယ်တော် ဖြစ်သည်။[1]

စောမြကန်
အလယ်နန်းမတော် မိဖုရား
နန်းသက်c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ရှေ့မင်းဆက်ဝဋံသိကာ
နောက်မင်းဆက်စောမိပြန်
ကွယ်လွန်ပုဂံ
အိမ်ထောင်ဖက်နရပတိစည်သူ
သားသမီးများထီးလိုမင်းလို
စောမင်းလှ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

ရာဇဝင်ကျမ်းများက ထီးလိုမင်းလို၏ မယ်တော်သည် မိဖုရားစောမြကန် မဟုတ်ဘဲ ဥယျာဉ်စိုက်ပျိုးသူတစ်ဦး၏ သမီးဖြစ်သည်ဟု ဖော်ပြကြသည်။[2][3][4] သို့သော်လည်း ကျောက်စာ အထာက်အထားအရ မိဖုရားစောမြကန်သည် ဇေယျသိင်္ခ (ထီးလိုမင်းလိုမင်း၏ ငယ်အမည်) နှင့် စောမင်းလှတို့၏ မယ်တော် ဖြစ်သည်ဟု သိရသည်။[1]

ကိုးကား

  1. သန်းထွန်း ၁၉၆၄၊ စာ ၁၂၉
  2. မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
  3. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၄
  4. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇–၃၁၈

ကျမ်းပြုစာရင်း

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန်မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
  • ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History1။ ရန်ကုန်: မဟာဒဂုံ။
စောမြကန်
Royal titles
ယခင်က
ဝဋံသိကာ
အလယ်နန်းမတော် မိဖုရား
c. ၁၁၉၀ ဆယ်စုနှစ် – ၁၂၁၁
ဆက်ခံသူ
စောမိပြန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.