မင်းအောင်မြတ်
မင်းအောင်မြတ် (စောအောင်မြတ်[2]ဟုလည်း သိကြ) သည် ပုဂံခေတ် နရသိင်္ခမင်း၏ မိဖုရားခေါင်[1] နှင့် နရပတိစည်သူမင်း၏ တောင်နန်းမတော် မိဖုရား ဖြစ်သည်။[3] အလောင်းစည်သူမင်းနှင့် ခင်ဦးမိဖုရားတို့သည် မင်းအောင်မြတ်၏ မိခင်ဖက်မှ အဘိုးအဘွားတော်စပ်သူ ဖြစ်သည်။[1] နရသိင်္ခနှင့် နရပတိစည်သူတို့သည် သူမ၏ ဝမ်းကွဲမောင်နှမများ ဖြစ်ကြသည်။ သူမနှင့် နရသိင်္ခကို သူတို့၏ အဘိုးတော်စပ်သူ ဘုရင်မှ လက်ထပ်ပေးခဲ့ခြင်း ဖြစ်သည်။[1] မင်းအောင်မြတ်တွင် နရသိင်္ခနှင့် သမီးတော်တစ်ပါးမွေးဖွားခဲ့သော်လည်း နရသိင်္ခနန်းတက်နေစဉ်ကာလအတွင်း ၁၁၇၀ ဆယ်စုနှစ် အစောပိုင်းတွင် ထိုသမီးတော် ကွယ်လွန်ခဲ့သည်။[3]
မင်းအောင်မြတ် | |
---|---|
တောင်နန်းမတော် မိဖုရား | |
နန်းသက် | 1174 – c. 1185 |
ရှေ့မင်းဆက် | သူမကိုယ်တိုင်မိဖုရားခေါင်အဖြစ် |
နောက်မင်းဆက် | ဝေဠုဝတီ |
မိဖုရားခေါင် | |
နန်းသက် | ၁၁၇၁ – ၁၁၇၄ |
ရှေ့မင်းဆက် | တောင်ပြင်သည် |
နောက်မင်းဆက် | ဝေဠုဝတီ |
မွေးဖွား | c. ၁၁၄၀ ဆယ်စုနှစ် ပုဂံ |
ကွယ်လွန် | c. ၁၁၈၅ ပုဂံ |
အိမ်ထောင်ဖက် | နရသိင်္ခ (c. ၁၁၅၀ ဆယ်စုနှစ်နှောင်းပိုင်း–၁၁၇၄) နရပတိစည်သူ (၁၁၇၄–c. ၁၁၈၅) |
သားသမီးများ | စောပြည့်ချမ်းသာ |
စံအိမ် | ပုဂံ |
မယ်တော် | ကျောင်းတော်သည်[1] |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
အေဒီ ၁၁၇၄ ခုနှစ်တွင် နရပတိစည်သူမင်း နန်းတက်ခဲ့ရာ မင်းအောင်မြတ်သည် တောင်ပြင်သည် ("တောင်နန်းမတော် မိဖုရား") အဖြစ် ဆက်လက် မိဖုရား ဖြစ်သော်လည်း မိဖုရားခေါင် ရာထူး မဟုတ်တော့ပေ။[3][4] (ဝေဠုဝတီသည် နန်းတက်ပွဲတွင် မိဖုရားခေါင်အဖြစ် ပါဝင်ခဲ့သည်။[5]) မဟာရာဇဝင်သစ်ကျမ်းအရ နရပတိစည်သူနှင့် မင်းအောင်မြတ်တို့ ရင်သွေးမွေးဖွားခဲ့ခြင်း ရှိမရှိကို မှတ်တမ်းမတွေ့ရပေ။ ထို့အပြင် ၁၁၈၆ ခုနှစ်တွင် ဝေဠုဝတီမိဖုရားကွယ်လွန်ပြီးနောက် မိဖုရားသစ်တစ်ပါးကို တောင်ပြင်သည် အဖြစ် တင်မြှောက်ခဲ့သည်ကို ထောက်၍ မင်းအောင်မြတ်သည် ဝေဠုဝတီထက် အရင်၊ သို့မဟုတ် ကာလတူ ကွယ်လွန်ခဲ့သည်ဟု ယူဆနိုင်သည်။[4]
ကိုးကား
- မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂
- ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၄
- မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
- ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
- မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ၃၁၅
ကျမ်းပြုစာရင်း
- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်။ ၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ၁။ ရန်ကုန်: မဟာဒဂုံ။
- မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
မင်းအောင်မြတ် မွေးဖွား c. ၁၁၄၀ ဆယ်စုနှစ် ကွယ်လွန် c. ၁၁၈၅ | ||
Royal titles | ||
---|---|---|
ယခင်က herself မိဖုရားခေါင် အဖြစ် |
တောင်နန်းမတော် မိဖုရား ၁၁၇၄ – c. ၁၁၈၅ |
ဆက်ခံသူ ဝေဠုဝတီ မိဖုရားခေါင် အဖြစ် |
ယခင်က တောင်ပြင်သည် |
မိဖုရားခေါင် ၁၁၇၁ – ၁၁၇၄ |
ဆက်ခံသူ ဝေဠုဝတီ |