ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ)
တောင်ပြင်သည် ("တောင်နန်းမတော်မိဖုရား" ဟု အဓိပ္ပာယ်ရ) သည် ပုဂံခေတ် နရပတိစည်သူမင်း၏ ဒုတိယမြောက် မိဖုရားခေါင် ဖြစ်သည်။
တောင်ပြင်သည် | |
---|---|
မိဖုရားခေါင် | |
နန်းသက် | ၁၁၈၆ – ၁၂၁၁ |
ရှေ့မင်းဆက် | ဝေဠုဝတီ |
နောက်မင်းဆက် | ဖွားတော်ကြီး |
အိမ်ထောင်ဖက် | နရပတိစည်သူ |
စံအိမ် | ပုဂံ |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
တော်ဝင်ရာဇဝင်ကျမ်းများတွင် အေဒီ ၁၁၈၆ တွင် ကွယ်လွန်သော ဝေဠုဝတီမိဖုရား နောက်ဆက်ခံသူကို ဖော်ပြရာတွင် တူညီမှု မရှိကြပေ။ မဟာရာဇဝင်ကြီး (၁၇၂၄) တွင် ဖော်ပြထားသည့် ဆက်ခံသူမှာ ကျန်စစ်သားမင်း၏ သူငယ်ချင်းနှင့် ရဲဘော်ရဲဖက်ဖြစ်သူ ညောင်ဦးဖီး၏ မြစ်တော်စပ်သူ ဖြစ်သည်။[1] ရာဇဝင်သစ် (၁၇၉၈) တွင်လည်း ညောင်ဦးဖီး၏ မြစ်မှာ နရပတိစည်သူ၏ မိဖုရားဖြစ်ကြောင်း ဖော်ပြထားသော်လည်း တောင်နန်းမတော် မိဖုရား (မိဖုရားခေါင်) အနေဖြင့် မဟုတ်ဘဲ မြောက်နန်းမတော် မိဖုရားသာ ဖြစ်သည်ဟု ဆိုသည်။ ရာဇဝင်သစ်တွင် ငထွေရူး၏ မြစ်ဖြစ်သော စောစနေ သည် နောက်ဆက်ခံမည့် တောင်နန်းမတော် မိဖုရား ဖြစ်ပြီး ရတနာပုံ ဘွဲ့အမည်ဖြင့် ဖြစ်သည်ဟု ဆိုထားသည်။[2] မဟာရာဇဝင်က စောစနေသည် နရပတိစည်သူ၏ မိဖုရားဖြစ်သော်လည်း ရာထူးအဆင့်အတန်းအနိမ့်အနေဖြင့်သာ ဖော်ပြထားသည်။[1] မှန်နန်း ရာဇဝင် (၁၈၃၂) သည် မဟာရာဇဝင် နှင့် တူညီစွာ ဖော်ပြသည်။[3]
ရာဇဝင်ကျမ်း သုံးစောင်စလုံးတွင် တူညီစွာ ဖော်ပြထားသည်မှာ ငထွေးရူးတွင် သားတော် သုံးဦး ရှိကြောင်း ဖြစ်သည်။[1][2][3] သို့သော်လည်း စောစနေ၏ သားသမီးအရေအတွက်တွင် ကွဲပြားသည်။ မဟာရာဇဝင်ကြီး နှင့် မှန်နန်း က စောစနေတွင် သားသမီးလေးဦးရှိကြောင်း ဖော်ပြပြီး[1][3] ရာဇဝင်သစ်က တစ်ဦးတည်းဟု ဖော်ပြသည်။[2]
ကိုးကား
- မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၁၂
- ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃
- မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
ကျမ်းပြုစာရင်း
- ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး။ ၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ မဟာရာဇဝင်သစ်။ ၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
- ဒေါက်တာသန်းထွန်း (၁၉၆၄)။ Studies in Burmese History။ ၁။ ရန်ကုန်: မဟာဒဂုံ။
- မြန်မာနိုင်ငံ တော်ဝင် သမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်။ ၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ဒုတိယ တောင်ပြင်သည် (နရပတိစည်သူ) | ||
Royal titles | ||
---|---|---|
ယခင်က ဝေဠုဝတီ |
မိဖုရားခေါင် ၁၁၈၆ – ၁၂၁၁ |
ဆက်ခံသူ ဖွားတော်ကြီး |