ဖွားစော (သစ်မထီး)

သစ်မထီး ဖွားစော သည် ပုဂံခေတ်နှောင်းပိုင်း ကျော်စွာဘုရင်နှင့် စောနစ်ဘုရင်တို့၏ မိဖုရားခေါင်တစ်ပါး ဖြစ်သည်။ နန်းတွင်းရာဇဝင်ကျမ်းများတွင် စောစိုးကို ကျော်စွာဘုရင်၏ မိဖုရားခေါင်အဖြစ် ဖော်ပြကြသည်။[1] သို့သော် သမိုင်းပညာရှင်များက ဖွားစောကို မိဖုရားခေါင်အဖြစ် အသိအမှတ်ပြုကြသည်။ ဖွားစောသည် အိမ်ရှေ့မင်းသား သိင်္ဃပတိ နှင့် ကုမာရ ကဿပတို့၏ မယ်တော်လည်း ဖြစ်သည်။[2]

ဖွားစော အမည်ရှိ အခြားပုဂ္ဂိုလ်များအတွက် ဖွားစော (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
သစ်မထီး ဖွားစော
မိဖုရားခေါင်
နန်းသက်၁၂၈၉ – ၁၃၂၅
ရှေ့မင်းဆက်ဖွားစော
နောက်မင်းဆက်မသိရှိရ
မွေးဖွားc. ၁၂၅၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်၁၃၃၄ ခုနှစ်[note 1]အတွင်း သို့ ပြီးနောက်
ပုဂံ
ပင်းယနေပြည်တော်
အိမ်ထောင်ဖက်ကျော်စွာ
စောနစ်
သားသမီးများသိင်္ဃပတိ
ကုမာရ ကဿပ
စံအိမ်ပုဂံ
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

သစ်မထီးဖွားစောသည် ပုဂံခေတ်သမိုင်းတွင် ထင်ရှားသော မိဖုရား ဖွားစော သုံးဦးအနက် တတိယ ဖွားစော ဖြစ်သည်။[3] ခေတ်ပြိုင်ကျောက်စာများကို ဗိုလ်မှူးဘရှင်၏ နှိုင်းယှဉ်စစ်ဆေးချက်အရ သူမသည် မိဖုရားစောလှဝန်း၏ အငယ်ဆုံး ညီမတော်ဖြစ်ပြီး အေဒီ ၁၂၉၅/၉၆ ကာလတွင်မှ အစ်မတော်၏ မိဖုရားခေါင်နေရာကို ဆက်ခံခဲ့သည်။[4] သို့သော်လည်း စောလှဝန်းသည် ဆယ်စုနှစ် နှစ်နှစ်ကျော်ငယ်သော ကျော်စွာဘုရင်၏ မိဖုရားဖြစ်သည်ကိုလည်းကောင်း၊ သစ်မထီးဖွားစောသည် စောလှဝန်း၏ ညီမတော် ဖြစ်သည်ကိုလည်းကောင်း အားလုံးက လက်ခံထားခြင်း မဟုတ်ပေ။[note 2]

မှတ်စု

  1. (ဘရှင် ၁၉၈၂၊ ၄၂): ဂျီအိပ်လုစ်က သစ္စာဝတီဘုရားကျောက်စာ (၁၃၃၄ ခုနှစ်) ကို ထောက်၍ ဖွားစောသည့် ထိုအချိန်ထိ သက်ရှိထင်ရှားရှိနေဆဲ ဟု ဆိုသည်။ ဗိုလ်မှူးဘရှင် (ဘရှင် ၁၉၈၂၊ စာ ၄၅) ကမူ အဆိုပါ ကျောက်စာသည် ဖွားစော၏ ကျွန်လှူသော ကျောက်စာဖြစ်၍ ဖွားစော ရှိနေသေးသည်ဟု တိကျစွာ ဖော်ပြထားခြင်းမရှိဟု ဆိုသည်။ သို့သော်လည်း ဖွားစော သက်ရှိထင်ရှား ရှိနေနိုင်သည်ဟူသော အချက်ကို သဘောတူလေသည်။
  2. (မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၃၄၊ အောက်ခြေမှတ်စု ၁): မဟာရာဇဝင်ကြီး ၂၀၀၆ ခုနှစ် ပုံနှိပ်အကြိမ်ကို တည်းဖြတ်ကြသော တက္ကသိုလ်များ သမိုင်းသုတေသန ဌာနမှ တည်းဖြတ်သူများက ပုဂံခေတ်နှောင်းပိုင်းတွင် ဖွားစော သုံးဦးရှိသည်ကို လက်ခံသော်လည်း စောလှဝန်းသည် ကျော်စွာဘုရင်၏ မိဖုရားဖြစ်သည်ဟူသည့် အချက်နှင့် စောလှဝန်းနှင့် စောသစ်မထီးတို့ ညီအစ်မဖြစ်သည်ဆိုသော အချက်များကို ဖော်ပြထားခြင်း မရှိပေ။ စောလှဝန်း၏ ကွယ်လွန်နှစ်ကို ဗိုလ်မှူးဘရှင်၏ စာတမ်းက မိဖုရားနှစ်ပါး ညီအစ်မနှစ်ဦးဖြစ်ခြင်းအပေါ် မူတည်ရယူထားခြင်းဖြစ်ပြီး တည်းဖြတ်သူများကမူ မူလရာဇဝင်ကြီးမှ ဆိုသည့်အတိုင်း စောလှဝန်းသည် ၁၂၉၆ ကျော်အထိ သက်ရှိထင်ရှားရှိခဲ့သည်ကို အတည်ပြုကြသည်။

ကိုးကား

  1. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၆၀
  2. ဘရှင် ၁၉၈၂၊ စာ ၄၇
  3. Ba Shin 1982: 22–25
  4. ဘရှင် ၁၉၈၂၊ စာ ၄၁–၄၂

ကျမ်းပြုစာရင်း

  • ဘရှင်, ဗိုလ်မှူး (၁၉၆၆). "ပုဂံခေတ် ဖွားစောများ" (in မြန်မာဘာသာ). ရန်ကုန်: မြန်မာနိုင်ငံ သမိုင်းသုတေသန ဦးစီးဌာန.
  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။
ဖွားစော (သစ်မထီး)
မွေးဖွား c. ၁၂၅၀ ဆယ်စုနှစ် ကွယ်လွန် ၁၃၃၄ ခုနှစ်တွင်း/ပြီးနောက်
Royal titles
ယခင်က
စောလှဝန်း
မိဖုရားခေါင်
၁၂၈၉ – ၁၃၂၅
ဆက်ခံသူ
မသိရှိရ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.