စောလတ် (ပုဂံ)

စောလတ် သည် ပုဂံခေတ် နရသိင်္ခမင်းနှင့် နရပတိစည်သူမင်းတို့၏ မိဖုရားတစ်ပါး ဖြစ်သည်။[1]

စောလတ်
မြောက်နန်းမတော် မိဖုရား
နန်းသက်၁၁၇၁ – ၁၁၉၀ ဆယ်စုနှစ်?
ရှေ့မင်းဆက်မြောက်ပြင်သည်
နောက်မင်းဆက်ဒုတိယ မြောက်ပြင်သည်
မွေးဖွားc. ၁၁၄၀ ဆယ်စုနှစ်
ပုဂံ
ကွယ်လွန်c. ၁၁၉၀ ဆယ်စုနှစ်
ပုဂံ
အိမ်ထောင်ဖက်နရသိင်္ခ (c. ၁၁၆၀ ဆယ်စုနှစ်–၁၁၇၄)
နရပတိစည်သူ (၁၁၇၄–၁၁၉၀ ဆယ်စုနှစ်?)
သားသမီးများသမီးတော် တစ်ဦး (နရသိင်္ခ နှင့်)
စံအိမ်ပုဂံ
ခမည်းတော်ရာဇသူ
မယ်တော်အိမ်တော်သည်
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

နန်းတွင်းရာဇဝင်ကျမ်းများက သူမ၏ ဘိုးဘေးများကို အမျိုးမျိုး ဖော်ပြကြသည်။ မဟာရာဇဝင်ကြီး (၁၇၂၄) က သူမသည် ဖခင် ရာဇသူနှင့် တောင်ပြင်သည်နှင့် ခင်အုံးတို့၏ တူမ မိခင် အိမ်တော်သည်တို့၏ အငယ်ဆုံး သမီးတော် ဖြစ်သည်ဟု ဆိုသည်။[2] သို့သော် ရာဇဝင်သစ်ကျမ်း (၁၇၈၉)က သူမသည် မိဖုရား မင်းအောင်မြတ်၏ အငယ်ဆုံး ညီမဖြစ်သည်ဟု ဆိုသည်။[3] မှန်နန်း ရာဇဝင် (၁၈၃၂) ၏ ဖော်ပြချက်မှာ မဟာရာဇဝင်ကြီး နှင့် တူညီသည်။[4]

မိဖုရားစောလတ်တွင် နရသိင်္ခနှင့် သမီးတော်တစ်ဦး ရခဲ့သော်လည်း ထိုသမီးတော်မှာ ၁၁၇၀ ဆယ်စုနှစ်အစောပိုင်းတွင် ကွယ်လွန်ခဲ့သည်။[5] မိဖုရားစောလတ်သည် နရပတိစည်သူ ထီးနန်းစိုးစံနေစဉ်ကာလ (၁၁၈၆ တွင် မိဖုရား ဝေဠုဝတီ ကွယ်လွန်ပြီးချိန်) တွင် ကွယ်လွန်ခဲ့ပြီး အခြားမိဖုရားတစ်ပါးက မြောက်နန်းမတော် မိဖုရားနေရာကို ဆက်ခံခဲ့သည်။[6]

ကိုးကား

  1. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂၊ ၃၁၇
  2. မဟာရာဇဝင် အတွဲ ၁၊ ၂၀၀၆၊ စာ ၂၀၇
  3. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၂၄
  4. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၂
  5. မှန်နန်း အတွဲ ၁၊ ၂၀၀၃၊ စာ ၃၁၇
  6. ရာဇဝင်သစ် အတွဲ ၁၊ ၂၀၁၂၊ စာ ၁၃၃

ကျမ်းပြုစာရင်း

  • ကုလား၊ ဦး (၁၇၂၄)။ မဟာရာဇဝင်ကြီး၁–၃ (၂၀၀၆၊ စတုတ္ထအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
  • တော်ဝင်မြန်မာနိုင်ငံသမိုင်းကော်မရှင် (၁၈၃၂)။ မှန်နန်း ရာဇဝင်၁–၃ (၂၀၀၃ ed.)။ ရန်ကုန်: ပြန်ကြားရေးဝန်ကြီးဌာန။


စောလတ် (ပုဂံ)
မွေးဖွား c. ၁၁၄၀ ဆယ်စုနှစ် ကွယ်လွန် c. ၁၁၉၀ ဆယ်စုနှစ်
Royal titles
ယခင်က
မြောက်ပြင်သည် (နရသူ)
မြောက်နန်းမတော် မိဖုရား
၁၁၇၁ – ၁၁၉၀ ဆယ်စုနှစ်?
ဆက်ခံသူ
ဒုတိယ မြောက်ပြင်သည် (နရပတိစည်သူ)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.