တောင်စဉ် ခုနှစ်ထပ်

တောင်စဉ် ခုနှစ်ထပ်သည် ဗုဒ္ဓဘာသာ အယူအဆအရ ၃၁-ဘုံရှိရာ ထိုဘုံများတွင် မြင်းမိုရ်တောင်ကြီးကို ဝန်းဝိုင်းပတ်ခွေလျက် တည်နေကြသော တောင်ရံခုနစ်ထပ်ကို ခေါ်ဆိုသည်။ ဘုရားခြေတော်ရာရှိ စက်လက္ခဏာတွင်လည်း ပါရှိလေသည်။

  1. ယုဂန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၄၂ဝဝဝ စီ ရှိ၏။
  2. ဤသန္ဓရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ်အထုအနံတို့ကား ယူဇနာပေါင်း ၂၁ဝဝဝ စီရှီ၏။
  3. ကရဝိကတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ်အထုအနံတို့ကား ယူဇနာပေါင်း ၁ဝ၅ဝဝ စီရှိ၏။
  4. သုဒဿနတောင်-၎င်းတောင်၏ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၅၂၅ဝ စီရှိ၏။
  5. နေမိန္ဒရတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၂၆၂၅ စီရှိ၏။
  6. ဝိနတ္တကတောင်-၎င်းတောင်၏ ရေမြှုပ်ရေပေါ် အထုအနံတို့ကား ယူဇနာပေါင်း ၁၃၁၂ ခွဲစီရှိ၏။
  7. အဿကဏ်တောင်-၎င်းတောင်၏ ရေအောက်မြှုပ် ရေထက်ပေါ် အထုအနံတို့ကား ၆၅၆ ယူဇနာ၊ တစ်တိုင်နှင့် တာ ၆ဝဝစီ ရှိ၏။ [1]

ကိုးကား

  1. ဝိသုဒ္ဓိမဂ်၊ ပ-အုပ်။ ၉ဝ-နှင့် ၂ဝဝ။ စူလနိဒ္ဒေသ၊ ဋ္ဌ။ ၃၈
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.