အသူရကာယ်
နတ်များကဲ့သို့ ကာမဂုဏ်ချမ်းသာကို ပျော်ရွှင်စွာမခံစားရသော သတ္တဝါများဖြစ်ကြသည်။ ဘုံသီးခြားမရှိချေ၊ ၎င်းတို့နေသောအရပ်ကိုသာ အသူရကာယ်ဘုံ ဟု ခေါ်ကြသည်။ အသူရာများသည် ကာလကိဉ္စိက ပြိတ္တာ မျိုးပင်ဖြစ်သည်။ တောတောင်၊ သမုဒ္ဒရာ၊ မြစ်ကမ်း၊ သုဿန်များတွင် နေတတ်၍ အလွန်ဆာလောင်မွတ်သိပ်ကြသည်။ အချို့အသူရာများသည် ဘုရားနှစ်ဆူ၊ သုံးဆူ ပွင့်သည့်တိုင် တစ်ကြိမ်မျှ မစားမသောက်ကြရပေ။
အသူရာ (၅)မျိုးရှိသည်။
- ကာလကိဉ္စိက ပြိတ္တာ အသူရာ (ကာလကိဉ္စိက ပြိတ္တာများ)
- လောကန္တရိတ် အသူရာ (လောကန္တရိတ် ငရဲသားများ) စကြာဝဠာတံတိုင်းကို လင်းနို့များကဲ့သို့ ကုတ်ကပ်နေရသော ငရဲသားများ
- ဝေမာနိကပြိတ္တာ အသူရာ (ငရဲထိန်း၊ ငရဲမင်းကြီးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
- ဝိနိပါတိက အသူရာ (ဘုမ္မဇိုးနတ်ကြီးများအား မှီခိုကပ်ယပ်ပြီးနေရသော တန်ခိုးဣဒ္ဓိပါဒ်နုံတဲ့ နတ်ကလေးများ) စတုမဟာရာဇ်နတ်မှာ ပါဝင်သည်။
- နတ် အသူရာ ( မြင်းမိုရ်တောင်ခြေ သီဒါအတွင်းမှာ နေသည်။) တာဝတိံသာနတ်မှာ ပါဝင်သည်။
သို့သော် မြင်းမိုရ်တောင်ထိပ်က တာဝတိံသာနတ်များနှင့် အမြဲ စစ်တိုက်နေကြရသည်။
နတ် အသူရာများတွင်လည်း-
- ဝေပစိတ္တီ နတ်အသူရာ
- သုဗလိ နတ် အသူရာ
- ရာဟု နတ် အသူရာ
- ပဟာရ နတ် အသူရ
- သမ္ဗရတိ နတ် အသူရာ ဟု အမျိုးကွဲသေးသည်။
ကျမ်းကိုး
- ဦးမြတ်ကျော် ၃၁-ဘုံခရီးသည်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.