အာလိန်ငါးဆင့်

အာလိန် ၅-ဆင့်

သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။၎င်း။ ဋ္ဌ။ ၃၁၀။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၇၇ မရိုးစည်လုံးသဏ္ဌာန်ကဲ့သို့ အလယ်ပူ အထက်ရှုးနေသော မြင်းမိုရ်တောင်ကြီး၌ အပြင်ဆင်ဝင် တောင်ခါးပန်းစွန်း ငါးဆင့်ရှိကုန်၏၊ ၎င်းကိုပင် အာလိန်ငါးဆင့်ဟု ခေါ်ဆိုသည်မှတ်။ ထိုအာလိန်ငါးဆင့်တို့သည် တစ်ဆင့်တစ်ဆင့်၌ အထု၏လည်းကောင်း၊ အပြင်၏လည်းကောင်း အတိုင်းအရှည်ပမာဏအားဖြင့် ယူဇနာ ငါးထောင်စီ အသီးသီးရှိကုန်၏။ မြင်းမိုရ်တောင်၏ ရေပေါ် ယူဇနာရှစ်သောင်းလေးထောင်တွင် အောက်ထက်ဝက်ဖြစ်သော ယူဇနာ လေးသောင်းနှစ်ထောင်ကို ငါးစုပြုသော် အောက်ဆုံးအစုသည် ပဌမအာလိန်မည်၏။

  • (၁)ပဌမအာလိန်သည် ရေ အထက်ပေါ်နေသည်ကား ထက်ဝက် ရေအောက်နစ်နေသည်ကား ထက်ဝက်ဖြစ်၏၊ ထိုပဌမအာလိန်၌ နဂါးမင်းတို့နေ၏။
  • (၂) ထိုအထက် ဒုတိယ အာလိန်ကား လက်ပံပင်တောကြီးအတိဖြစ်၍ ဂဠုန်မင်းတို့ နေကြကုန်၏။
  • (၃)ထို့အထက် တတိယအာလိန်ကား ဂုမ္ဘဏ်တို့ နေရာဖြစ်၏။
  • (၄)ထို့အထက် စတုတ္ထအာလိန်ကား ဘီလူးရက္ခိုသ်တို့၏ နေရာဖြစ်၏။
  • (၅)ထို့အထက် ပဉ္စမအာလိန်ကား မြင်းမိုရ်တောင်၏ခါး ယုဂန္ဓိုရ်တောင်၏ထိပ်နှင့် ညီမျှ၍ “ဓတရဋ္ဌဝိရူဠကဝိရူပက္ခကုဝေရ” အမည်ရသော နတ်မင်းကြီးလေးပါးတို့၏ နေရာ စတုမဟာရာဇ်နတ်ပြည်ပင်ဖြစ်လေ၏။

မှတ်ချက်။ လောက၌ ယူဇနပေါင်း (၈၄၀၀၀) မြင့်မားသော မေရုရာဇာ မြင်းမိုရ်တောင်ကား အမှန်ရှိ၏။ သို့သော် လူသားများကား အနန္တတန်ခိုးရှင် သဗ္ဗညုမြတ်စွာဘုရားသခင်နှင့် စကြာရတနာမင်းမြတ်တို့- ပွင့်ထွန်းပေါ်ပေါက်လာသော ကာလမျိုး၌သာ တွေ့မြင်ကြရကြောင်း၊ ရှေးသူဟောင်း ပိဋကပညာကျော် ဆရာတော်ကြီးများ ပြောကြားတော်မူကြသည်ကို မှတ်သားရဖူး၏။ ကျမ်းစာသာဓကများကိုတော့ မသိရဖူးချေ။ [1]

ကိုးကား

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.