အိုင်ကြီး ခုနှစ်အိုင်
အိုင်ကြီး ခုနှစ်အိုင်ဆိုသည်မှာ နှစ်ပေါင်း သိန်း သောင်းကျော်က ပိဋကစာပေ၌ ထင်ရှား၍ ဟိမဝန္တာအနီး၌ရှိသော အိုင်ကြီးများဖြစ်သည်။ ထိုအိုင်ကြီးတို့သည် အသီးသီး ယူဇနာငါးဆယ်စီ နက်ကုန်၍ ယူဇနာငါးဆယ်စီ အလျားအနံ ပြန့်ကျယ်ကြကုန်၏။ အဝန်းအဝိုင်းပတ်လည်အားဖြင့် ယူဇနာတစ်ရာ့ငါးဆယ်စီရှိကြကုန်၏။
- အနောတတ္တအိုင်၊
- ကဏ္ဏမုဏ္ဍအိုင်၊
- ရထကာရ အိုင်၊
- ဆဒ္ဒန္တ အိုင်၊
- ကုဏာလ အိုင်၊
- မန္ဒာကိနီ အိုင်၊
- သီဟ ပပါတ အိုင်။
- မှတ်ချက်။ ။ သဗ္ဂေ သင်္ခါရာ အနိစ္စာ၊ လောက၌မည်သည့်အရာမျှ ခိုင်မြဲခြင်းမရှိ၊ ပြောင်းလဲပျက်စီးခြင်းသာအဆုံးရှိရကား ထိုအိုင်ကြီးများသည် ယခုအခါ မရှိတော့ပြီ။ [1]
ကိုးကား
- အင်္ဂုတ္တရ အဋ္ဌကထာနှင့် ဇိနာလင်္ကာရဋီကာ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.