ဒေးဒရဲမြို့နယ်

ဒေးဒရဲမြို့နယ် သည် မြန်မာနိုင်ငံဧရာဝတီတိုင်းဒေသကြီးဖျာပုံခရိုင်ရှိ မြို့နယ် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဒေးဒရဲမြို့ ဖြစ်သည်။ ဖျာပုံခရိုင်အတွင်း အရှေ့ဖက်ကျသော မြို့ကလေးဖြစ်သည်။ ထိုမြို့သည် တိုးမြစ်၏ အနောက်ဖက်ကမ်းတွင် တည်ရှိ၍ မြစ်ဝနှင့် ၁၅မိုင်မျှဝေးသည်။ ဒေးဒရဲမြို့၏ အဓိကလုပ်ငန်းမှာ ဆန်စပါး နှင့် ငါးပိငါးခြောက်လုပ်ငန်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးတွင် ရေကြောင်းကိုသာ အားထားရလေသည်။ ဒေးဒရဲဟူသောအမည်မှာ မွန်ဘာသာအမည်ဖြစ်၍ မြန်မာလို ဒရယ်ကုန်းဟု အဓိပ္ပာယ်ရသည်။ ဒေးဒရဲမြို့တွင် ရှေးရာမညတိုင်း မွန်မင်းအဆက်အနွယ်တို့ တည်ထားသော ကျိုက်ဒေးရုံ(တော်ကြပ်)စေတီတော်ကြီးရှိသည်။

ဒေးဒရဲမြို့နယ်
မြို့နယ်
ဒေးဒရဲမြို့နယ်
ဒေးဒရဲမြို့နယ်
ကိုဩဒိနိတ်: 16°24′13″N 95°52′58″E
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဖျာပုံခရိုင်
အုပ်ချုပ်ရေးမြို့ဒေးဒရဲမြို့
လူဦးရေ (၂၀၁၄)၂၀၂,၉၂၆[1]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ကိုးကား

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၇။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.