ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ ဝေးလံသောဒေသများကို ကွပ်ကဲနိုင်ရန်နှင့် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသဖြင့် မဟာဗျူဟာအရအရေးပါသည့် ဒေသကို ထိန်းချုပ်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) ကို စတင်ဖွင့်လှစ်ခဲ့သည်။ 

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၏ လက်ရှိ ဌာနချုပ်မှူးမှာ ဗိုလ်မှူးချုပ်/ဗိုလ်မှူးကြီးဖြိုးသန့် (အလုပ်သင်ဗိုလ်လောင်း အပတ်စဉ်-၂၃) ဖြစ်သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်း (၄) ရင်းသာရှိသော်လည်း ကွပ်ကဲမှု နယ်မြေအတွင်းရှိ လက်ရုံး/ဝန်ထမ်းတပ်ရင်း/တပ်ဖွဲ့များ၊ နမခ လက်အောက်ခံ စစ်ဗျူဟာအခြေချ (ခန္တီး) နှင့် လက်အောက်ခံတပ်များ၊ စကခ (၁၀) (ကလေး) နှင့် လက်အောက်ခံတပ်များကိုပါ အုပ်ချုပ်ကွပ်ကဲရသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၏ တိုက်ရိုက်ကွပ်ကဲလက်အောက်ခံ တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခလရ(၈၇)-ကလေး
  2. ခလရ(၈၉)-ကလေး
  3. ခလရ(၂၂၈)-ကလေး
  4. ခလရ(၂၆၈)-ဖလမ်း



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.