အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီလ၌ ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ လက်ရှိစစ်ဆင်ရေးကွပ်ကဲရေးမှူးမှာ ဗိုလ်မှူးချုပ်အောင်အောင် (အလုပ်သင်ဗိုလ်လောင်းအပတ်စဉ်-၁၉) ဖြစ်သည်။

အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏လက်အောက်တွင် နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ (၃) ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၀) ရင်း ရှိသည်။ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခမရ (၃၇၄) ကျောက်တော်
  2. ခမရ (၃၇၅) ကျောက်တော်
  3. ခမရ (၃၇၆) ကျောက်တော်
  4. ခမရ (၃၇၇) မြောက်ဦး
  5. ခမရ (၃၇၈) မြောက်ဦး
  6. ခမရ (၃၇၉) မင်းပြား
  7. ခမရ (၃၈၀) မင်းပြား
  8. ခမရ (၅၃၉) ကျောက်တော်
  9. ခမရ (၅၄၀) မြောက်ဦး
  10. ခမရ (၅၄၁) မင်းပြား

စစ်ဆင်ရေးများ

၂၀၁၆ ခုနှစ်မှစ၍ ရက္ခိုင့်တပ်တော် ရခိုင်ပြည်နယ်တွင်း အခြေချရန် ကြိုးပမ်းလာရမှစတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံတပ်ရင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်မှုများရှိလာခဲ့သည်။

ထိခိုက်ကျဆုံးမှုများ

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာတံတားအနီး၌ စကခ ၉ လက်အောက်ခံ၊ ကျောက်တော်အခြေစိုက်၊ ခမရ ၃၇၄ နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲတွင် ခမရ (၃၇၄) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ရန်နောင်ဝင်း အပါအဝင် ၅ ဦးကျဆုံးခဲ့သည်။[1]



  1. http://burmese.dvb.no/archives/356739
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.