အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်

အမှတ် (၈၈) ခြေမြန်တပ်မ ဌာနချုပ် သည် မြန်မာ့တပ်မတော်၏ တပ်မဌာနချုပ်များအနက် တစ်ခုဖြစ်သည်။ လက်ရှိ တပ်မမှူးမှာ ကြည်း ၁၇၅၄၀ ဗိုလ်မှူးကြီး စိုးထွဋ် ဖြစ်သည်။

တည်နေရာနှင့် အကျယ်အဝန်း

မကွေး−နတ်မောက် ကားလမ်းဘေးတွင် တည်ရှိသည်။

စတင် တည်ထောင်ပုံ

၁၉၆၇ ခု၊ မေလ (၁) ရက်တွင် လက်အောက်ခံ တပ်ရင်း (၁၀) ခုနှင့် စသည်။ ကနဦး တာဝန်ယူသူမှာ ဗိုလ်မှူးကြီးသန်းတင် ဖြစ်သည်။ ၁၉၉၀ ပြည့်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ကွပ်ကဲပြီး ၁၉၉၀ နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လွှဲယူကွပ်ကဲသည်။

ပါဝင်သော စစ်ဆင်ရေးများ

အောက်ပါစစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည် −

  • အင်းလေးဒေသတစ်ဝိုက်ရှိ ဂဠုန်စစ်ဆင်ရေး
  • မြစ်ဝကျွန်းပေါ် မိုးဟိန်းစစ်ဆင်ရေး
  • ပဲခူးရိုးမ၌ မိုးကြိုးစစ်ဆင်ရေး
  • သထုံ၊ ဖာပွန်၊ ဘီးလင်းတစ်ဝိုက်တွင် ဇွဲသတ္တိစစ်ဆင်ရေး
  • နမခ နယ်မြေရှိ မင်းလွင်/သူရိန်စစ်ဆင်ရေး
  • လားရှိုး၊ ကမ်းလုံဒေသ အောင်သီဟစစ်ဆင်ရေး
  • ကွတ်ခိုင်၊ မူဆယ်၊ နမ့်ဖက်ကာ၊ မိုးနဲ၊ နမ့်ခမ်းတစ်ဝိုက်၌ ရဲမာန်ဟုန်စစ်ဆင်ရေး
  • သံလွင်အရှေ့ခြမ်း မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းမ၊ မိုင်းလားတို့တွင် ရဲမာန်အောင်၊ ရဲရန်နိုင်၊ ရဲနိုင်အောင်၊ နေမင်းရောင်၊ လေးမာန်အောင်စစ်ဆင်ရေးများ
  • ကျောက်မဲ၌ နီလာစစ်ဆင်ရေး
  • ရွှေလီချိုင့်ဝှမ်း မိုးမိတ်တစ်ခွင်၌ သမိန်ဗရမ်းစစ်ဆင်ရေး
  • ဘူဇာခီး ယွန်းစလင်း အရှေ့ခြမ်းတွင် မာန်အောင်မြင်စစ်ဆင်ရေး
  • မြစ်ကြီးနား၊ လုပီ၊ ပန်ဝါ၊ ဗန်းမော်နှင့် လဂျားယန်ဒေသ၌ တိုင်းအောင်/ရွှေလင်းယုန်စစ်ဆင်ရေး
  • ကယားနယ်ရှိ ငွေတောင်စစ်ဆင်ရေး
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.