အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကို နေပြည်တော်ပျဉ်းမနားမြို့၊ သဲဖြူကျေးရွာတွင် ဖွင့်လှစ်ထားပြီး လက်ရှိစစ်ဆင်ရေးကွပ်ကဲရေးမှူးမှာ ဗိုလ်မှူးချုပ်ကျော်စွာလင်း (စစ်တက္ကသိုလ်အပတ်စဉ်-၃၅) ဖြစ်သည်။ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ စစ်ဆင်ရေးကွပ်ကဲရေးမှူးသည် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံး၊ စစ်ဆင်ရေးဌာနခွဲ၏ စစ်ဦးစီးဗိုလ်မှူးချုပ် (ကြည်း) အဖြစ် ပူးတွဲတာဝန်ယူသည်။ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏လက်အောက်တွင် နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ (၃) ဖွဲ့နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁၀) ရင်း ရှိသည်။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.