အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ကို ၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း ကွပ်ကဲမှုနယ်မြေကျယ်ပြန့်လှသည်ဖြစ်၍ ဝေးလံသောနေရာများကို ထိရောက်သော ကွပ်ကဲမှုမပေးနိုင်ခဲ့ပေ။ ထို့ကြောင့် ၁၉၇၂ ခုနှစ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ကို လည်းကောင်း၊ ရပခ နယ်မြေအတွင်းမှ ခွဲထုတ်ကာ သီးခြားစစ်တိုင်းများအဖြစ် ဖွင့်လှစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ်တွင် စစ်နယ်ဝှန်းလိုအပ်မှုအခြေအနေအရ ရပခ လက်အောက်ရှိ နယ်မြေအချို့အား ထပ်မံထုတ်နုတ်ကာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သီးခြားစစ်တိုင်းအဖြစ် ဖွဲ့စည်းခဲ့သည်။ တိုင်းစစ်ဌာနချုပ်အား ရှမ်းပြည်နယ်နမ့်စန်မြို့ တွင်အခြေပြုကာ တိုင်းစစ်ဌာနချုပ်လက်အောက်ခံအဖြစ် အခြေချစစ်ဟာဗျူဟာ (ကွန်ဟိန်း)၊ အခြေချစစ်ဗျူဟာ (လင်းခေး) နှင့် လှုပ်ရှားစစ်ဗျူဟာများနှင့် ကွပ်ကဲမှုအောက် ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိသည်။ လက်ရှိ တိုင်းမှူးမှာ ဗိုလ်ချုပ်သန်းလှိုင် (စစ်တက္ကသိုလ်အပတ်စဉ်-၂၉) ဖြစ်သည်။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.