အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်

အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သည် နေပြည်တော်ပျဉ်းမနားမြို့၊ သဲဖြူကျေးရွာတွင် ရှိသည်။ လက်ရှိ စစ်ဆင်ရေးကွပ်ကဲရေးမှူးမှာ ဗိုလ်မှူးချုပ်ကျော်စွာလင်း (စစ်တက္ကသိုလ်အပတ်စဉ်-၃၅) ဖြစ်သည်။

အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်တွင် နည်းဗျူဟာကွပ်ကဲမှုအဖွဲ့ (၃) နှင့် ခြေလျင်/ခြေမြန်တပ်ရင်း (၁ဝ) ရင်းရှိသည်။

ကွပ်ကဲမှုအောက်ခြေလျင်/ခြေမြန်တပ်ရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

  1. ခမရ (၁၉) - ဆွာ
  2. ခမရ (၃ဝ၆) - ဖြူး
  3. ခမရ (၃ဝ၇) - ပဲနွယ်ကုန်း
  4. ခမရ (၄၁၃) - ရေဆင်း
  5. ခမရ (၄၁၄) - ရေဆင်း
  6. ခမရ (၆ဝ၄) - အောင်နန်းချို
  7. ခမရ (၆ဝ၅) - ဆိတ်ဖူးတောင်-ရေနီ
  8. ခလရ (၅) - ညောင်ပင်သာ
  9. ခလရ (၂၆) - တောင်ငူ
  10. ခလရ (၈၄) - ဆွာ



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.