ကူကီးနာဂဘာသာစကား

ကူကီးနာဂဘာသာစကား (Koki, Konke, Kokak, Koki Naga) သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော အမျိုးအစားအုပ်စု မခွဲထားသည့် တရုတ်-တိဗက်နွယ် ဘာသာစကားတစ်ခု ဖြစ်သည်။ အခြားသော နာဂဘာသာစကားများနှင့် နှိုင်းယှဉ်ပါက နီးစပ်မှု မရှိသလို တန်ကွန်ဘာသာစကား များစွာနှင့်လည်း ကွာလှမ်းနေသည်။

ကူကီး
ကူကီးနာဂ
ဒေသခံမြန်မာနိုင်ငံ
ဒေသခံ ပြောဆိုသူများ
၂,၀၀၀ (၂၀၀၄)[1]
တရုတ်-တိဗက်နွယ်
  • တန်ကွန်?
    • ကူကီး
ဘာသာစကားကုဒ်များ
ISO 639-3nxk
Glottologမရှိ

ဤဘာသာစကားကို မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးခန္တီးခရိုင်လေရှီးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာ ၁၀ ရွာတွင် ပြောဆို အသုံးပြုကြသည်။

ကိုးကား

  1. ကူကီး at Ethnologue (18th ed., 2015)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.