လိုင်းတူဘာသာစကား

လိုင်းတူဘာသာစကား (လိုင်းတူချင်း) သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုသော ကူကီး-ချင်း ဘာသာစကားတစ်ခု ဖြစ်သည်။ လိုင်းတူဘာသာစကားသည် ဆုမ်းတူဘာသာစကားနှင့် တစ်စိတ်တစ်ပိုင်း နားလည်နိုင်သည်။ ရခိုင်ပြည်နယ်စစ်တွေခရိုင်ရှိ မင်းပြားမြောက်ဦးနှင့် မြေပုံမြို့နယ်တို့နှင့်၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် လိုင်းတူဘာသာစကားကို ပြောဆိုကြသည်။

လိုင်းတူ
ဒေသမြန်မာနိုင်ငံ
ဒေသခံ ပြောဆိုသူများ
၁၅,၀၀၀ (၂၀၀၇)[1]
တရုတ်-တိဗက်နွယ်
ဘာသာစကားကုဒ်များ
ISO 639-3clj
Glottologမရှိ

ဒေသိယစကားများ

Ethnologue တွင် အောက်ပါတို့ကို လိုင်းတူဘာသာစကား၏ ဒေသိယစကားများအဖြစ် ဖော်ပြထားသည်။ ဒေသိယစကားများသည် ချောင်းများအလိုက် ကွဲပြားကြသည်။

  • Panmyaunggyi Stream (Kongtu)
  • Phuntha Stream (Daaitu)
  • ကမ်းနီချောင်း
  • ယောချောင်း
  • ဒလက်ချောင်း (Doitu, Ekai, Khulai)

ကိုးကား

  1. လိုင်းတူ at Ethnologue (18th ed., 2015)


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.