ပအိုဝ်းဘာသာစကား

ပအိုဝ်းဘာသာစကား သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး ၁ သန်းကျော်ခန့် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားအုပ်စုဝင် ဘာသာစကားတစ်ခု ဖြစ်သည်။ ဒေသိယစကားများမှာ တောင်ပိုင်းပအိုဝ်းနှင့် မြောက်ပိုင်းပအိုဝ်း တို့ ဖြစ်ကြသည်။[3]

ပအိုဝ်း
ပအိုဝ်ႏ
ဒေသခံမြန်မာနိုင်ငံ
လူမျိုးစုပအိုဝ်းလူမျိုး
ဒေသခံ ပြောဆိုသူများ
၁.၈ သန်း (၂၀၁၄)[1]
စာအရေးအသားစနစ်
မွန်စာလုံး (ပအိုဝ်းအက္ခရာ)
ကရင်ဘရေးလ်
ဘာသာစကားကုဒ်များ
ISO 639-3blk
Glottologpaok1235[2]

အမည်များ

Ethnologue တွင် Black Karen, Northern Taungthu, Taungsu, Pa Oh, Pa-O, Pa’o Karen, Pa-U, Kula ဟူ၍ အမည်ကွဲများကို ဖော်ပြထားသည်။

ပအိုဝ်းဘာသာစကားကို "Black Karen" (ကရင်နက်) ဟူ၍ ကရင်နီ နှင့် ကရင်ဖြူ (စကောကရင်) တို့၏ ဆန့်ကျင်ဖက်အမည်အဖြစ် ကိုလိုနီခေတ်အချိန်က ခေါ်ဆိုခဲ့ကြသော်လည်း တောင်သူ (ပအိုဝ်း) တို့က ယင်းတို့အား ကရင် အမည်ဝေါဟာရဖြင့် ရည်ညွှန်းခြင်းကို လက်မခံကြပေ။[4]Ethnologue တွင် ပအိုဝ်းဘာသာစကားကို "Black Karen" ၏ အတိုကောက် "BLK" ဖြင့် ကဏ္ဍခွဲထားသည်။[5]

ပျံ့နှံ့မှု

ရေးထုံး

ပအိုဝ်းဘာသာစကားကို မွန်မြန်မာအက္ခရာအခြေခံသောပအိုဝ်းစာပေဖြင့်ရေးသားကြသည်။

စာပေအားဖြင့် တောင်ပေါ်ပအိုဝ်းလူမျိုးသုံး ထီသိမ်စာပေ ခေါ် တောင်ကြီးစာမူ နှင့် မြေပြန့်ဒေသနေပအိုဝ်းလူမျိုးသုံး အလံတရာစာပေ ခေါ် သထုံစာမူ ဟူ၍ မူနှစ်မျိုးကွဲရှိသည်။

ကိုးကား

  1. ပအိုဝ်း at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Pa'o Karen"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. Shintani Tadahiko. 2015. The Kadaw language. Linguistic survey of Tay cultural area (LSTCA) no. 106. Tokyo: Research Institute for Languages and Cultures of Asia and Africa (ILCAA).
  4. Sir George Scott. Among the Hill Tribes of Burma – An Ethnological Thicket. National Geographic Magazine, 1922, p. 293
  5. Accurate as of Feb. 2013, cf. http://www.ethnologue.com/show_language.asp?code=blk


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.