လီဆူဘာသာစကား

လီဆူဘာသာစကား (လီဆူ: ꓡꓲ-ꓢꓴ သို့မဟုတ် ꓡꓲꓢꓴ; တရုတ်: 傈僳语; ပင်ရင်: lìsùyǔ; အင်္ဂလိပ်: Lisu language) သည် တိဗက်-ဗမာနွယ် ဘာသာစကားတစ်ခုဖြစ်ပြီး ယူနန်ပြည်နယ်( တရုတ်နိုင်ငံ အနောက်တောင်ပိုင်း)၊ မြန်မာနိုင်ငံ မြောက်ပိုင်း၊ နှင့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၏ နေရာအနည်းငယ်တို့တွင် အသုံးပြုကြသည်။

လီဆူ
ꓡꓲ-ꓢꓴ
ဒေသခံတရုတ်နိုင်ငံမြန်မာနိုင်ငံအိန္ဒိယနိုင်ငံထိုင်းနိုင်ငံ
လူမျိုးစုလီဆူ
ဒေသခံ ပြောဆိုသူများ
ca. 940,000 (2000–2007)[1]
တရုတ်-တိဗက်နွယ်
စာအရေးအသားစနစ်
ဖရေဆာ အက္ခရာ
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
Weixi Lisu Autonomous County, Nujiang Lisu Autonomous Prefecture (PRC)
ဘာသာစကားကုဒ်များ
ISO 639-3lis
Glottologlisu1250[2]

ခွဲခြားထားသော လီဆူစကားများ

လီဆူလူမျိုးများသည် စာပေမပေါ်ပေါက်မီ ရှေ့ပဝေသဏီကပင် ဘာသာစကားရှိခဲ့ကြောင်း သိရသည်။ မျိုးနွယ်စု အမည်အမျိုးမျိုး ရှိသော်လည်း စကားပြောဆိုဆက်ဆံရာတွင် တစ်ဦးနှင့် တစ်ဦး နားမလည်နိုင် လောက်အောင် ကွဲပြားခြားနားကြသည်။

လီဆူဘာသာစကားများတွင် သုံးမျိုးခွဲခြားထားပြီး မူရင်းလီဆူးစကား၊ လီဆူနောစကားနှင့် လီဆူလေမယ်စကားတို့ ဖြစ်ကြောင်းသိရသည်။ လီဆူမျိုးနွယ်ဝင် မိသားစုများသည် မူရင်းလီဆူဘာသာစကားကိုသာ ပြောကြကြောင်း သိရသည်။ လီဆူနောစကားနှင့် လီဆူလေမယ်စကားပြောများထက် လီဆူလေမယ်စကားများကို အဓိကထား သုံးစွဲခဲ့ကြကြောင်း သိရသည်။ [3]

ဒေသန္တစကားအရ ခွဲခြားပုံများ

ဒေသန္တစကားရပ် (၁၀) မျိုးခန့် ရှိသော်လည်း နေရာဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိကြကြောင်း သိရသည်။ တောတောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်၊ ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့် ဖြစ်သည်။[4]

သင်္ကေတများနှင့် သတ်မှတ်ပုံ

လီဆူးတွင် စာပေမရှိသော အချိန်က သစ်ပင်များတွင် သင်္ကေတများအဖြစ် မှတ်သား အသုံးပြုခဲ့ကြကြောင်း သိရသည်။ စာပေမရှိသေးသောကြောင့် စာပေဖြင့် မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိခဲ့ခြင်းဖြစ်သည်။ လီဆူးလူမျိုးများတွင် သင်္ကေတဖြင့်သာ စတင်ခဲ့ပြီး ၁၉၆၀ ခုနှစ်မှစတင်ကာ သာသနာပြု အင်္ဂလိပ်လူမျိုး ဆရာကြီး ဂျေအိုဖရေဆာနှင့် ကရင်လူမျိုး ဆရာကြီး ဦးဘသော်တို့က ရောမ အက္ခရာကို အခြေပြုကာ လီဆူးစာပေကို တီထွင်ခဲ့ရာတွင် လီဆူးလူမျိုးအတွင်းမှ ဦးဇင်ဘာ၊ ဦးဂူအားစူး၊ ဦးဇော်ကနားလူးနှင့် ဦးခေါ်ဘူး နှင့် ဦးငွာတာတို့က ပါဝင်ကူညီဆောင်ရွက်ခဲ့ရာမှ လီဆူးဘာသာစကား စတင်ဖြစ် ပေါ်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လီဆူးစာပေတွင် လီဆူးလူမျိုးများ အသုံးပြုနေပြီးဖြစ်သော ခရစ်ယန်စာပေအဖြစ်လည်းကောင်း ပညာရေး၊ လူမှုရေး၊ နယ်ပယ်များတွင် အသုံးပြုလျက်ရှိကြောင်းသိရသည်။ လီဆူးအက္ခရာသည် ရောမအက္ခရာကို အခြေခံထားရာ ဗျည်းအလုံး ၄၀ ရှိကြောင်းသိရသည်။ လီဆူးစကားအသုံးအနှုန်းတို့သည် ဗမာတို့၏ စာအသုံးအနှုန်းနှင့် အချို့ စကားရပ်များတွင် တူညီကြောင်းသိရသည်။

လီဆူးကွန်ပျူတာစနစ်ကို ၁၉၉၂ ခုနှစ်တွင် ကရင်လူမျိုး မဟာသိပ္ပံရူပဗေဒ ကျောင်းသားနှင့် ကွန်ပျူတာပညာရှင် စောကနဲလေးမှ စတင်တီထွင်ပေးခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် ထိုင်းနိုင်ငံ ချင်းမိုင်မှ ထပ်မံတီထွင်ပြန်ကြောင်း အထောက်အထားတွေ့ရှိရသည်။ ဆက်လက်ပြီး စောကနဲလေးမှ လီဆူးယူနီကုတ်ကွန်ပျူတာစနစ်ကို အကောင်အထည်ဖော်လျက်ရှိပါသည်။

ရည်ညွှန်းကိုးကား

  1. လီဆူ at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Lisu"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. http://www.skykaren.com/2010/09/blog-post_2150.html%5Bလင့်ခ်သေ%5D
  4. http://wapedia.mobi/my/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%B8%E1%80%9C%E1%80%B0%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%5Bလင့်ခ်သေ%5D
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.