မြန်မာနိုင်ငံ၏ ဘာသာစကားများ

မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။[1] မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။[2]

မြန်မာနိုင်ငံတွင် အသုံးပြုနေသော ဘာသာစကားများပြ မြေပုံ

တိုင်းရင်းသား လူမျိုးစုများ ပြောဆိုအသုံးပြုသည့် ဘာသာစကားများကို အုပ်စုကြီးငါးခု အနေဖြင့် ခွဲခြားနိုင်သည်။ ယင်းတို့မှာ တရုတ်-တိဗက် (Sino-Tibetan)၊ မွန်-ခမာ (Austroasiatic)၊ တိုင်း-ကဒိုင် (Tai–Kadai)၊ အင်ဒို-ဥရောပ (Indo-European) နှင့် ဩစတြိုနီးရှန်း (Austronesian) တို့ဖြစ်ကြပြီး[3] သင်္ကေတ ဘာသာစကား ကိုလည်း အသုံးပြုသည်။[4]

မြန်မာဘာသာစကား

နောက်ထပ် အချက်အလက်များ။ မြန်မာဘာသာစကား

မြန်မာဘာသာစကားသည် ဗမာလူမျိုးများနှင့် ဆက်စပ်လူမျိုးခွဲတို့၏ ဒေသခံစကားဖြစ်သည်။ မြန်မာဘာသာစကားကို လူဦးရေ ၃၆သန်းခန့်က ပင်ကိုယ်ဘာသာစကားအဖြစ် အသုံးပြုနေကြသည်။ အခြားလူဦးရေ ၁၀ သန်းခန့်သည် မြန်မာဘာသာစကားကို ဒုတိယဘာသာစကားအဖြစ် အသုံးပြုသည်။

မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ပါဝင်ပြီး တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) ၏ အခွဲဖြစ်သော Burmish ဘာသာစကားအုပ်စုတွင် ပါဝင်သည်။ တိဗက်-ဗမာနွယ်စကားအုပ်စုတွင် မြန်မာဘာသာသည် အကျယ်ပြန့်ဆုံး ပြောဆိုသုံးနှုန်းသည့် စကားဖြစ်ကာ တရုတ်-တိဗက် ဘာသာစကားများတွင် ဒုတိယအကျယ်ပြန့်ဆုံး ပြောဆိုသည့် ဘာသာစကား ဖြစ်သည်။[5] မြန်မာဘာသာသည် တရုတ်-တိဗက် ဘာသာစကားများတွင် စတုတ္ထမြောက် အရေးအသားစနစ်ကို ဖွံ့ဖြိုးသည့် ဘာသာဖြစ်သည်။မြန်မာစာများတွင်ပါဠိစကားလုံးများကိုထည့်သွင်းအသုံးပြုကြပေသည်။[5]

တိုင်းရင်းသား ဘာသာစကားများ

မြန်မာဘာသာစကားနှင့် မြန်မာဒေသိယစကားများ အပြင်၊ ရှမ်းဘာသာစကား (၃.၂ သန်း ပြောဆို)၊ ကရင်ဘာသာစကား (၂.၆ သန်း ပြောဆို)၊ ဂျိန်းဖောဘာသာစကား (၉၀၀,၀၀၀ ခန့်ပြောဆို)၊ အမျိုးမျိုးသော ချင်းဘာသာစကား (၇၈၀,၀၀၀ ပြောဆို) နှင့် မွန်ဘာသာစကား (မွန်-ခမာ၊၁.၁ သန်း ခန့်ပြောဆို) အပါအဝင် အခြားဘာသာစကား တစ်ရာခန့်ရှိသည်။[1][3] ထိုဘာသာစကားအများစုသည် မြန်မာအက္ခရာကို အသုံးပြုကြသည်။

မြန်မာ သင်္ကေတဘာသာစကားသည် တစ်မျိုး သို့မဟုတ် နှစ်မျိုးရှိသည်ဆိုသည်မှာ တိတိကျကျ မသိရပေ။

အင်္ဂလိပ်ဘာသာစကား

ယနေ့အချိန်တွင် မြန်မာဘာသာစကားသည် ပင်မဘာသာစကားဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာစကားကို ဒုတိယဘာသာစကား အနေဖြင့် ပြောဆို အသုံးပြုနေကြသည်။[6] ၁၉ ရာစုနှောင်းပိုင်း မှ ၁၉၆၄ ခုနှစ်အထိ အဆင့်မြင့်ပညာရေးစနစ်တွင် အင်္ဂလိပ်ဘာသာစကားသည် ပင်မဘာသာစကား ဖြစ်ခဲ့သည်။[7]


အောက်ခြေမှတ်စု

  1. Goddard 2005
  2. Burmese at Ethnologue
  3. Lewis 2009, Languages of Myanmar
  4. Mathur & Napoli, 2010, Deaf around the World: The Impact of Language
  5. Bradley 1993, p. 147.
  6. Lintner 2003, p. 189
  7. Thein 2004, p. 16

ကျမ်းကိုး စာစုစာရင်း

  • Goddard၊ Cliff (2005)၊ The Languages Of East And Southeast Asia: An Introduction၊ Oxford University Press၊ ISBN 0-19-924860-5
  • Lewis၊ M. Paul, ed. (2015)၊ Ethnologue: Languages of the World (18 ed.)၊ SIL International4 April 2015 တွင် ပြန်စစ်ပြီး
  • Lintner၊ Bertil (2003)၊ "Myanmar/Burma"၊ in MacKerras၊ Colin (ed.)၊ Ethnicity in Asia၊ Routledge၊ ISBN 0-415-25816-2
  • Thein၊ Myat (2004)၊ Economic Development of Myanmar၊ Institute of Southeast Asian Studies၊ ISBN 981-230-211-5

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.