စကောကရင်ဘာသာစကား

စကော (ကရင်: စှီၤ/ကညီကျိာ်)၊ စကောကရင်ဘာသာစကား သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ စကောကရင်လူမျိုးတို့ အဓိက ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစုတွင် ပါဝင်သော ကရင်ဘာသာစကားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးတို့တွင် လူဦးရေ လေးသန်းကျော်ခန့်၊ ကရင်ပြည်နယ် နယ်စပ်တလျောက် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကားကို မြန်မာအက္ခရာမှ ဆင်းသက်လာသော စကောကရင်အက္ခရာဖြင့် ရေးသားကြသလို ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတွင်မူ လက်တင်အခြေခံအက္ခရာတို့ဖြင့် ရေးသားကြသည်။[3]

စကောကရင်
K’nyaw
စှီၤ/ကညီကျိာ်
ဒေသခံမြန်မာနိုင်ငံထိုင်းနိုင်ငံ
ဒေသကရင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ အနောက်ပိုင်း
လူမျိုးစုကရင်လူမျိုး
ဒေသခံ ပြောဆိုသူများ
(၄ သန်း ရည်ညွှန်း ၁၉၈၃–၂၀၁၁)[1]
တရုတ်-တိဗက်နွယ်
  • Karenic
    • Sgaw–Bghai
      • စကောကရင်
စာအရေးအသားစနစ်
မြန်မာအက္ခရာ
စကောကရင်အက္ခရာ
(ကရင်အက္ခရာ)
လက်တင်အက္ခရာ
ကရင်ဘရေး
တရားဝင် အခြေအနေ
ရုံးသုံး အဖြစ် အသုံးပြုမှု
ကရင်ပြည်နယ်
လူနည်းစု ဘာသာစကားအဖြစ်
အသိအမှတ်ပြုခြင်း
ဘာသာစကားကုဒ်များ
ISO 639-2kar
ISO 639-3kswပါဝင်သော ကုဒ်
သီးခြားကုဒ်များ:
ksw  စကော
jkp  ပကူး
jkm  မိုးပွ
wea  ဝေဝေါ
Glottologsout1554[2]
  ကရင်

အမျိုးမျိုးသော ကွဲပြားသည့် ဒေသိယစကားများကို မတူညီသော ဘာသာစကားများအဖြစ် တွေ့ရသည်။ အရှေ့မြောက်ပိုင်းတွင် ပကူး၊ အနောက်မြောက်ပိုင်းတွင် မိုးပွ၊ ဝေဝေါနှင့် မောနေပွားတို့ ဖြစ်ကြသည်။[4]

သမိုင်းကြောင်း

ယေဘုယျအားဖြင့် ကရင်ဘာသာစကားဟု သိကြသော စကောကရင်ဘာသာစကားသည် တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစု၏ အခွဲဖြစ်သော ကရင်ဘာသာစကားတွင် ပါဝင်သည်။ စကောကရင်ဘာသာစကားကို ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုသည်။ ၁၈၅၃ ခုနှစ်တွင် သမ္မာကျမ်းစာ ဘာသာပြန်ကို ထုတ်ဝေခဲ့သည်။

ပျံ့နှံ့မှုနှင့် မူကွဲများ

စကောကရင်ဘာသာစကားကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကား သုံးစွဲသူများသည် ပိုးကရင်ဘာသာစကား သုံးစွဲသူများအကြားတွင် ရောနှောနေလေ့ရှိသည်။

စကောကရင် ဒေသိယစကားများမှာ

  • စကောကရင် အရှေ့ဒေသိယစကား (ဘားအံ)
  • အနောက်ကယား တောင်ပိုင်းဒေသိယစကား (ထားဝယ်)
  • စကောကရင် မြစ်ဝကျွန်းပေါ် ဒေသိယစကား

ပကူးဘာသာစကား ကို အောက်ပါဒေသများတွင် ပြောဆိုကြသည်။[1]

  • ကရင်ပြည်နယ် မြောက်ပိုင်း - ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ ကရင်ပြည်နယ်နှင့် ထိစပ်နေသော တောင်ငူမြို့နယ်၏ အရှေ့တောင်ပိုင်း တောင်တန်းဒေသ
  • ကယားပြည်နယ် တောင်ပိုင်း

ပကူးဒေသိယစကားများမှာ ရွှေကျင်၊ မော်ချီး၊ ကျောက်ကြီး၊ ဘောဂလိ တို့ဖြစ်ပြီး ကျေးရွာအလိုက် အမည်များ ဖြစ်သည်။

  • ကျောက်ကြီးနှင့် ရွှေကျင် ကို ကရင်ပြည်နယ်စပ်အနီး၊ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင်တွင် ပြောဆိုအသုံးပြုကြသည်။
  • မော်ချီးကို ကယားပြည်နယ်တွင် ပြောဆိုအသုံးပြုကြသည်။
  • ဘောဂလိကို ကရင်ပြည်နယ် မြောက်ပိုင်းတွင် ပြောဆိုအသုံးပြုကြသည်။

မိုးပွဘာသာစကား ကို သံတောင်ကြီးမြို့နယ်ရှိ သံတောင် အနောက်ဘက် တောင်ခြေရှိ ကျေးရွာ ၉ ရွာတွင် ပြောဆိုအသုံးပြုကြသလို[1] ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင်လည်း အသုံးပြုကြသည်။

မိုးပွဒေသိယစကားများမှာ ပလေချီး (တောင်ပိုင်းမိုးပွ) နှင့် ဒါမူဟာ (တောင်ပိုင်းမိုးပွ) တို့ ဖြစ်ကြသည်။

ဒေသိယစကားများ

စကောကရင်ဘာသာစကားတွင် ဒေသိယစကား အနည်းဆုံး သုံးမျိုးရှိသည်။ ယင်းတို့သည် အချင်းချင်း အပြန်အလှန် နားလည်နိုင်ကြသော်လည်း မရင်းနှီးနိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။

  • မြောက်ပိုင်းဒေသိယစကား - ကယားပြည်နယ်၏ တောင်ပိုင်းဒေသိယစကားအဖြစ် သိကြပြီး ဘာသာစကား သို့မဟုတ် ဒေသိယစကားတွင် သံ မပါဝင်ပေ။ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသိယစကားများရှိ သံကို သံဖြင့် အစားထိုးအသုံးပြုသည်။ ဥပမာ တောင်ပိုင်းနှင့် အရှေ့ပိုင်းစကားတွင် မိုးသဘိုး ဟုပြောဆိုခြင်းကို မြောက်ပိုင်းဒေသိယစကားတွင် မိုးစဘိုး ဟူ၍ ပြောဆိုကြသည်။ ဤဒေသိယစကားတွင် စာရေးစနစ်အတွက် ရောမအက္ခရာကို အသုံးပြုသည်။
  • တောင်ပိုင်းဒေသိယစကား နှင့် အရှေ့ပိုင်း (ဘားအံ) ဒေသိယစကား - ဤဒေသိယစကားနှစ်ခုသည် အလွန်ဆင်တူသော်လည်း ဘာသာစကားကွဲပြားသော ဒေသတည်နေရာကြောင့် အချင်းချင်း နားမလည်နိုင်သော စကားလုံးများ ပါဝင်နေနိုင်သည်။ ဤဒေသိယစကားနှစ်ခုတွင် စာရေးစနစ်အတွက် မြန်မာအက္ခရာ ကို အသုံးပြုသည်။
  • ကရင်ဘာသာစကားတွင် ကွဲပြားသော လေယူလေသိမ်းများလည်း ရှိသည်။


အက္ခရာ

ကရင်အက္ခရာတွင် ဗျည်း ၂၅ လုံး၊ သရ ၉ လုံး၊ သံပြောင်းသင်္ကေတ ၅ ခုနှင့် ဗျည်းတွဲ ၅ ခု ပါဝင်သည်။ ကရင်အက္ခရာများသည် မြန်မာစာရေးစနစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ကရင်စာရေးစနစ်တွင် ဘယ်မှညာသို့ ရေးသားပြီး လက်ရှိ အရေးစနစ်တွင် စကားစုများကြားတွင် ဖတ်ရှုရလွယ်ကူစေရန် နေရာချန်ထားကြသော်လည်း အမှန်တကယ်တမ်းတွင် စကားလုံးများကြားတွင် နေရာခြားရန် မလိုအပ်ပေ။

ဗျည်းအုပ်စုများ
က
k (kaˀ)

kh (kʰaˀ)

gh (ɣ)

x (x)

ng (ŋ)

s (s)

hs ()

sh (ʃ)

ny (ɲ)

t (t)

hṭ ()

d (d)

n (n)

p (p)

hp ()

b (b)

m (m)

y (ʝ)

r (r)

l (l)

w (w)

th (θ)

h (h)

vowel holder (ʔ)

ahh

သရများ

သရများ

ah (a)

ee (i)

uh (ɤ)

u (ɯ)

oo (u)

ae or ay (e)

eh (æ)

oh (o)

aw (ɔ)

သံပြောင်းသင်္ကေတများ

စကောကရင်ဘာသာစကားရှိ ဝဏ္ဏတိုင်းတွင် သရတစ်ခု ပါဝင်ပြီး တစ်လုံးတည်း သို့မဟုတ် ရှေ့တွင် ဗျည်းတစ်လုံး သို့ နှစ်လုံး ပါဝင်သည်။ ဝဏ္ဏတစ်ခုတွင် သရဖြင့် အမြဲအဆုံးသတ်သည်။

သံပြောင်းသင်္ကေတဖော်ပြချက်
ၢ်(အၢသံ)is pronounced with a heavy falling inflection
ာ်(အးသံ)is pronounced abruptly, at a low pitch
း(ဖျၢၣ်ဆံး)is pronounced abruptly at an ordinary pitch
ၣ်(ဟးသံ)is pronounced with a falling circumflex inflection
ၤ(က့ၣ်ဖိ)is pronounced with a prolonged even tone
  • Where no tone is marked, the syllable is pronounced with a rising inflection.

ဗျည်းနှစ်ဆင့်များ

ဗျည်းတစ်ခုနောက်တွင် အခြားဗျည်းတစ်ခုလိုက်ပြီး သရသံ မပါဝင်ပါက ဒုတိယဗျည်းကို သင်္ကေတအနေဖြင့် ကိုယ်စားပြုပြီး ပထမဗျည်းကို ဆက်ပေးသည်။

ဗျည်းတွဲများစကောကရင်
ှ (hg)
ၠ (y)
ြ (r)
ျ (l)
ွ (w)

ကရင်အက္ခရာ ရေးသားပုံ နမူနာများမှာ

  • + ခံ, /ki/ ဟု အသံထွက်
  • + + လံး, /li/ ဟု အသံထွက်
  • က + +ကၠိ, /kʝo/ ဟု အသံထွက်
  • က + + + ၣ်ကျိၣ်, /klo/ ဟု အသံထွက်

အက္ခရာ (လက်တင်)

ဗျည်းများ

ရောမစာရေးစနစ်ကို အခြေခံသော ကရင်အက္ခရာတွင် ဗျည်း ၂၄ လုံး၊ သရ ၉ လုံးနှင့် သံပြောင်းသင်္ကေတ ၅ ခု ပါဝင်သည်။

စာလုံး K kHK hkG gQ qNG ngC cHS hsNY nyT tHT htD dN n
စာလုံး P pHP hpB bM mY yR rL lW wS sH hEH ehAH ah

သရများ

သရများ A aE eI iO oU uAI aiEI eiAU auOO oo

သံပြောင်းသင်္ကေတများ

Tones V vJ jX xF fZ z


ကိုးကား

  1. စကောကရင် at Ethnologue (18th ed., 2015)
    စကော at Ethnologue (18th ed., 2015)
    ပကူး at Ethnologue (18th ed., 2015)
    မိုးပွ at Ethnologue (18th ed., 2015)
    ဝေဝေါ at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Southern Karen"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
  3. http://www.pakakoenyo.org/index.php?option=com_content&task=view&id=4&Itemid=8
  4. Christopher Beckwith, International Association for Tibetan Studies, 2002. Medieval Tibeto-Burman languages, p. 108.

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.