တိုင်းလိုင်ဘာသာစကား

တိုင်းလိုင် သို့မဟုတ် တိုင်းလျန် သို့မဟုတ် ရှမ်းနီဘာသာစကား သည် မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုကြသော တိုင်းဘာသာစကားတစ်ခု ဖြစ်ပြီး ခန္တီးရှမ်းဘာသာစကားနှင့် ဆက်စပ်နေသည်။ ယင်းတွင် ကိုယ်ပိုင်အရေးအသားစနစ်ရှိသည်။ ပြောဆိုသူအရေအတွက် အတိအကျကောက်ခံထားခြင်း မရှိသော်လည်း ၁၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။

တိုင်းလျန်
တိုင်းလိုင်၊ ရှမ်းနီ
ဒေသခံမြန်မာနိုင်ငံ
ဒေသကျိုင်းတုံမြို့နယ်မြစ်ကြီးနားမြို့နယ်
ဒေသခံ ပြောဆိုသူများ
၁၀၀,၀၀၀ (၂၀၁၀)[1]
ကရာ–ဒိုင်း
  • တိုင်း
    • အနောက်တောင် (ထိုင်း)
      • အနောက်မြောက်
        • တိုင်းလျန်
စာအရေးအသားစနစ်
မြန်မာစာ အရေးအသား (historical)
ဘာသာစကားကုဒ်များ
ISO 639-3tjl
Glottologtail1248[2]

အမည်များ

တိုင်းလျန်၏ အမည်ကွဲများမှာ ရှမ်းနီ၊ ရှမ်းဗမာ၊ ရှမ်းကလေး၊ တိုင်းလျှန်၊ တိုင်းလိုင်၊ တိုင်းနိုင်း တို့ ဖြစ်ကြသည်။ (Ethnologue)

ပျံ့နှံ့မှု

တိုင်းလိုင်ဘာသာစကားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၊ ဟုမ္မလင်းမြို့နယ် ရှိ ချင်းတွင်းမြစ်ဧရာဝတီမြစ် နှင့် ဥရုမြစ် တလျောက်တွင် ပြောဆိုကြသည်။ ထို့ပြင် ကချင်ပြည်နယ်၊ အတွင်းရှိ မိုးညှင်းမြို့နယ်ဗန်းမော်မြို့နယ် နှင့် မြစ်ကြီးနားမြို့နယ် တို့တွင်လည်း ပြောဆိုကြသည်။

ဒေသိယစကားများ

တိုင်းလိုင်ဘာသာစကားတွင် အုပ်စုခွဲနှစ်ခုရှိပြီး တိုင်းနိုင်း နှင့် တိုင်းလိုင် တို့ ဖြစ်ကြသည်။ တိုင်းနိုင်းများမှာ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတလျောက်တွင် နေထိုင်ကြပြီး၊ တိုင်းလိုင်မှ ာဥရုမြစ် ချင်းတွင်းမြစ်တလျောက်နှင့် က​ဘော်ချိုင့်ဝှမ်း​ဒေသတို့တွင် နေထိုင်ကြသည်။ (Ethnologue)

ကိုးကား

  1. တိုင်းလျန် at Ethnologue (18th ed., 2015)
  2. Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Tai Laing"Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.