ဘောလခဲခရိုင်
ဘောလခဲခရိုင် သည် ကယားပြည်နယ်ရှိ ခရိုင်တစ်ခု ဖြစ်သည်။ ဘောလခဲခရိုင်တွင်းရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၄၂,၈၅၉ ယောက်[1] ဖြစ်သည်။ ဘောလခဲခရိုင်တွင် ပါဝင်သည့် မြို့နယ်များမှာ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ် နှင့် မယ်စဲ့မြို့နယ်တို့ ဖြစ်သည်။
ဘောလခဲခရိုင် | |
---|---|
ဘောလခဲခရိုင် | |
ကိုဩဒိနိတ်: 18°55′N 97°26′E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ကယားပြည်နယ် |
မြို့နယ်ပေါင်း | ၃ |
မြို့တော် | ဘောလခဲမြို့ |
ဧရိယာ | |
• စုစုပေါင်း | ၁၉၉၄.၇၇ စတုရန်းမိုင် (၅၁၆၆.၄ စတုရန်းကီလိုမီတာ) |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၄၂,၈၅၉ |
• သိပ်သည်းမှု | ၂၁/sq mi (၈.၃/km၂) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ပထဝီဝင်
တည်နေရာနှင့် အကျယ်အဝန်း
ဘော်လခဲခရိုင်သည် ကယားပြည်နယ် တောင်ပိုင်းတွင် တည်ရှိပြီး၊ အကျယ်အဝန်းမှာ ၁,၉၉၄.၇၇ စတုရန်းမိုင် (၅,၁၆၆.၄ စတုရန်း ကီလိုမီတာ) ဖြစ်ပြီး မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၉ မိနစ် နှင့် ၁၉ ဒီဂရီ ၂၀ မိနစ်အတွင်း၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၅၆ မိနစ်နှင့် ၉၇ ဒီဂရီ ၅၀ မိနစ်အတွင်း တည်ရှိသည်။[2]
နယ်နိမိတ်
ဘော်လခဲခရိုင်သည် အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘားအံခရိုင် (ကရင်ပြည်နယ်)နှင့် လွိုင်ကော်ခရိုင်၊ တောင်ဘက်တွင် ဖာပွန်ခရိုင် (ကရင်ပြည်နယ်)နှင့် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် လွိုင်ကော်ခရိုင် တို့နှင့် နယ်နမိတ်ထိစပ်နေသည်။
မြေမျက်နှာ သွင်ပြင်
ဘော်လခဲခရိုင်သည် တောင်ကုန်းတောင်တန်း ထူထပ်ပြီး မြေပြန့် လွင်ပြင်နည်းပါးသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပျမ်းမျှအမြင့် ၄၅၂ ပေမှ ၁၄၅၀ ပေ အထိရှိသည်။ အမြင့်ဆုံးတောင်မှာ ဖားဆောင်းမြို့နယ်ရှိ နတ်တောင် ဖြစ်ပြီး အမြင့်ပေ ၈၆၀၇ ပေ ဖြစ်သည်။[2]
ရေဆင်း
ဘော်လခဲခရိုင်အတွင်း စီးဆင်းသော မြစ်ချောင်းများမှာ ရှားတောမြို့နယ်မှ မြစ်ဖျားခံ၍ ဘော်လခဲမြို့နယ်သို့ ဖြတ်သန်းစီးဆင်းသော ပွန်ချောင်း၊ ရွာသစ်မြို့နယ်ခွဲအတွင်း မယ်ပိုင်ချောင်းနှင့် သံလွင်မြစ်၊ ဖားဆောင်းမြို့နယ်တွင် ထူးချောင်းနှင့် သံလွင်မြစ်၊ မယ်စဲ့မြို့နယ်တွင် မယ်စဲ့ချောင်းတို့ ဖြစ်သည်။[2]
ရာသီဥတု
ဘော်လခဲခရိုင်သည် အပူပိုင်းမုတ်သုံရာသီဥတုမျိုးရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၄၃ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ရွာသွန်းမြဲမိုးရေချိန်မှာ ၂၄.၀၈ လက်မ ဖြစ်သည်။[2]
ကိုးကား
- Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၁၆၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး၊ February 26, 2015 တွင် ပြန်စစ်ပြီး