လွိုင်လင်လေးမြို့

လွိုင်လင်လေးမြို့သည် ကယားပြည်နယ်လွိုင်ကော်မြို့နယ် ရှမ်း-ကယားနယ်စပ်တွင် တည်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် မြို့အဖြစ် အဆင့်တိုးမြှင့်ခံခဲ့ရသည်။

လွိုင်လင်လေးမြို့
လွိုင်လင်လေးမြို့
လွိုင်လင်လေးမြို့တည်နေရာ
ကိုဩဒိနိတ်: 19°52′N 97°13′E
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်လွိုင်ကော်ခရိုင်
အစိုးရ
  မြို့အုပ်ချုပ်ရေးမှူးဦးရန်မျိုးကျော်
ပင်လယ်ရေ မျက်နှာပြင်အမြင့်၇၇၉ မီတာ (၂၅၅၅ ပေ)
လူဦးရေ (၂၀၁၉)[1]
  စုစုပေါင်း၃၈၄၁
အချိန်ဇုန်MST (UTC+6:30)

သမိုင်းကြောင်း

လွိုင်လင်လေးဒေသကို ရှေးယခင် စော်ဘွားများလက်ထက်က လက်ထောက်မြို့ပိုင် ၁ ဦးအုပ်ချုပ်၍ ထီးစဲခါးတိုက်နယ်အဖြစ် သတ်မှတ်ထားသည်။ စိုက်ပျိုးသီးနှံများမှ အမျိုးအမည်အလိုက် ၁၀ ပုံ ၁ ပုံကို လွိုင်ကော်စော်ဘွားထံ အခွန်ပေးဆောင်ရသည်။ ၁၉၇၂ ခုနှစ်တွင် အဆိုပါစနစ်ကို ဖျက်သိမ်းကာ လွိုင်လင်လေးကျေးရွာအုပ်စု၊ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စုများအဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့တွင် လွိုင်လင်လေးမြို့အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၂ မိနစ် နှင့် အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၁၃ မိနစ် တွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၄.၃၈ မိုင်၊ တောင်မှမြောက်သို့ ၂.၉၄ မိုင်ရှိပြီး ၅၉၈.၀၆ စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

လွိုင်လင်လေးမြို့၏ အရှေ့ဘက်တွင် လွိုင်ကော်မြို့နယ်မှ ထီးစဲခါးကျေးရွာအုပ်စုနှင့် တီးလုံကျေးရွာအုပ်စု၊ အနောက်ဘက်တွင် ပိန်းချစ်ကျေးရွာအုပ်စုနှင့် တောင်ဘက်တွင် လွိုင်ကော်မြို့နယ်၊ မြောက်ဘက်တွင် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

ပင်လယ်ရေမြေနှာပြင်အထက် ၂၅၅၅ ပေအထက်တွင် တည်ရှိကာ တောင်ကုန်းတောင်တန်းများကြားတွင် တည်ရှိသည်။

လူဦးရေ

လွိုင်လင်လေးမြို့တွင် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကယားနှင့် ဗမာလူမျိုးများ အစဉ်လိုက် များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ဘာသာကို ဒုတိယအများဆုံကိုးကွယ်သည်။[1]

စီးပွားရေး

လွိုင်လင်လေးမြို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်သော လွိုင်ကော်-ဆီဆိုင်-ဟိုပုန်း-တောင်ကြီး လမ်းမပေါ်တွင် တည်ရှိကာ စီးပွားရေးကောင်းမွန်သည်။ ဒေသခံအများစုသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ မြို့၏အဓိကထွက်ကုန်မှာ ဆန်စပါးနှင့် ပြောင်းဖြစ်သည်။

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.