ရှားတောမြို့နယ်

ရှားတောမြို့နယ် သည် မြန်မာနိုင်ငံကယားပြည်နယ်လွိုင်ကော်ခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ရှားတောမြို့ ဖြစ်သည်။

ရှားတောမြို့နယ်
မြို့နယ်
ရှားတောမြို့နယ်
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 19°36′N 97°31′E
နိုင်ငံ မြန်မာ
ပြည်နယ်ကယားပြည်နယ်
ခရိုင်လွိုင်ကော်‌ခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့ရှားတောမြို့
ဧရိယာ
  မြို့နယ်၃၂၂.၀၈ စတုရန်းမိုင် (၈၃၄.၁၉ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၉၈၅ ပေ (၃၀၀ မီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)[1]
  မြို့နယ်၇,၀၇၆
  သိပ်သည်းမှု၂၂/sq mi (၈.၅/km)
  မြို့ပေါ်၁,၆၂၆
  ကျေးလက်၅,၄၅၀
  လူမျိုးများကယား (၈၀.၃၂%)
ရှမ်း (၁၇.၂%)
ဗမာ (၁.၇၄%)
ကရင် (၀.၇%)
ချင်း (၀.၀၁%)
ရခိုင် (၀.၀၁%)
  ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

ရှားတောဒေသသည် ကုန်းဘောင်ခေတ် အလောင်းမင်းတရား အယုဒ္ဓယသို့ စစ်ချီလာရာတွင် စစ်လမ်းကြောင်းပေါ်ရှိ စခန်းတစ်ထောက်နားရာဒေသ ဖြစ်ခဲ့သည်ဟု ဆိုသည်။

၁၈၉၀ ခုနှစ်ခန့်က လူဦးရေ နှစ်ထောင်ခန့် နေထိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာထွန်းကားခဲ့သော နေရာဒေသတစ်ခု ဖြစ်ခဲ့သည်။

ရှားတောမြို့နယ်ကို ၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် မြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၄ ခု၊ ကျေးရွာ ၂၀ တို့ဖြင့် မြို့နယ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။[1]

ပထဝီဝင်အ​နေအထား

တည်နေရာအကျယ်အဝန်း

ရှားတောမြို့နယ်သည် ကယားပြည်နယ်၏ အရှေ့ဘက်တွင် တည်ရှိပြီး မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၀ မိနစ်နှင့် ၁၉ ဒီဂရီ ၂၇ မိနစ်ကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၂၇ မိနစ် နှင့် ၉၇ ဒီဂရီ ၅၁ မိနစ် အကြားတွင် တည်ရှိသည်။ အကျယ်အဝန်းမှာ ၈၃၄.၁၉ စတုရန်းမိုင် (၂,၁၆၀.၅ စတုရန်း ကီလိုမီတာ) ဖြစ်သည်။[2] အရှေ့မှ အနောက်သို့ ၃၅ မိုင်၊ တောင်မှ မြောက်သို့ မိုင် ၅၀ ရှည်လျားသည်။

နယ်နမိတ်

ရှားတောမြို့နယ်၏ မြောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ မောက်မယ်မြို့နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ မောင်မယ်ဟောင်ဆောင်ခရိုင်၊ တောင်ဘက်တွင် မယ်စဲ့မြို့နယ်၊ အနောက်ဘက်တွင် ဘောလခဲမြို့နယ်လွိုင်ကော်မြို့နယ်တို့နှင့် နယ်နိမိတ်ထိ စပ်လျက်ရှိသည်။[2]

မြေမျက်နှာသွင်ပြင်

ရှားတောမြို့နယ်သည် တောင်များပတ်လည်ဝန်းရံလျက်ရှိ၍ ဒယ်အိုးပုံသဏ္ဌာန်အနိမ့်ပိုင်းတွင် တည်ရှိပြီး တောင်တန်းများမှာ တစ်ခုနှင့်တစ်ခု စပ်ဆက်လျက်ရှိကာ ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၉၈၅ ပေတွင် တည်ရှိသည်။ မြို့နယ်၏ အရှေ့ဘက်ခြမ်းတွင် သံလွင်မြစ် စီးဆင်းလျက်ရှိသည်။ မြို့နယ်အကျယ်အဝန်း၏ ငါးပုံသုံးပုံခန့်သည် သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး မြစ်ချောင်းများ ပေါများသည့် ဒေသဖြစ်သည်။ အမြင့်ဆုံးတောင်မှာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၇၂၁၂ ပေရှိ လွိုင်လန်တောင် ဖြစ်သည်။[2]

ရာသီဥတု

ရှားတောမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၂.၇၉ လက်မ ဖြစ်သည်။[2]

ရေဆင်း

ရှားတောမြို့နယ်တွင် အနောက်မှ အရှေ့သို့ စီးဆင်းနေသော ဖဲပုလာလဲချောင်းနှင့် နမ့်မာချောင်း တို့ကိုသာ စိုက်ပျိုးရေ၊ သောက်သုံးရေစသည်ဖြင့် အသုံးပြုကြပြီး သံလွင်မြစ်တွင် ရာသီမရွေး စက်လှေများ သွားလာနိုင်သည်။[2]

လူဦးရေ

ရှား​တောမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ထို့နောက် ရှမ်း၊ဗမာ၊ကရင်၊ချင်းနှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ ရှားတောမြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၇,၁၁၂ ဦး ဖြစ်ကြသည်။[1]

စီးပွားရေး

ရှားတောမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော မြို့နယ်တစ်ခု ဖြစ်သည်။မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အဓိကထွက်ကုန်မှာ နှမ်း ဖြစ်ကာ လွိုင်​ကော်မြို့သို့ တင်ပို့​ရောင်းချသည်။[1]

ပို့​ဆောင်ဆက်သွယ်​ရေး

ရှား​တောမြို့နယ်သည် ကုန်းလမ်းများဆုံရာလမ်းမ​ပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်သည်။

ပညာရေး

အထက

အထက်တန်းကျောင်း ၁ကျောင်းရှိသည်။

  • အထက ရှား​တော

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) သီရီးဒါး
  • အလက ၂
  • အလက ၃
  • အလက ၉
  • အလက ​လေတပ်
  • အလက ကုက္ကိုကုန်း
  • အလက ကျားထူး
  • အလက ဇရပ်ကုန်း
  • အလက ဖက်​တော
  • အလက ဒီးဒုတ်​တောင်
  • အလက တုံးအိုင်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၅ကျောင်းရှိသည်။ [1]

ကျန်းမာရေး

ရှားတောမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၁ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၄ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၄ ခု တည်ရှိသည်။[1]

​ဆေးရုံများ

  • ရှား​တော မြို့နယ်​ဆေးရုံ
  • သရီးဒါး တိုက်နယ်​ဆေးရုံ

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.