ကမ္ဘာ့ဆရာများနေ့
ဤသို့ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို သတိတရရှိကြစေခြင်းငှာ ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အဖြစ် သတ်မှတ်ပြီး ကမ္ဘာတစ်ဝန်းကျင်းပလာခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၀၀၌ "ကမ္ဘာ့ဆရာများနေ့" ကို ကျင်းပလေ့ရှိကြောင်း သိရသည်။
"ပူဇာစ ပူဇ နေယျာနံ" ပူဇော်ထိုက်သောသူကို ပူဇော်ရခြင်းသည် မြတ်သောမင်္ဂလာပင်ဖြစ်ကြောင်း (၃၈) ဖြာ မင်္ဂလာတရားတော်၌ ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူခဲ့ပေသည်။ ထိုပူဇော်ထိုက်သော အနန္တောအနန္တဂိုဏ်းဝင်များတွင် ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်အတူ အာစရိယဆရာတွင် ဆရာသည်လည်း တစ်ဆူအပါအဝင် ဖြစ်ပါသည်။
ဆရာ ဆရာမများသည် ပညာကို သင်ကြားတတ်မြောက်စေရန်မကဘဲ ဘဝအတွက် "လမ်းပြကြယ်" များလည်း ဖြစ်နေသည်။ တစ်နည်းအားဖြင့် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ပေးနိုင်သော အနာဂတ်မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနေကြသူများ ဖြစ်ပါသည်။
ဆရာဆရာမများ၏ ဂုဏ်ကျေးဇူးကို မမေ့အပ်ပေ။ ဆရာဆရာမများအား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးသိခြင်း၊ ကျေးဇူးကိုအောက်မေ့သတိရခြင်းတို့ဖြင့် ဆရာနှင့်တပည့် အပြန်အလှန်ကျေးဇူးသိတတ်ခြင်း၊ တန်ဖိုးထားလေးစားခြင်းတို့ဖြင့် လောကကောင်းကျိုးတရားများ ရှင်သန်တိုးပွားစေမည်ဖြစ်ပါကြောင်း။[1]
Logo Design ဖြစ်ပေါ်လာပုံ
အ.ထ.က(၂)လသာ မှ ကျောင်းသူ ၂ ဦး မချိုဇော်အောင်နှင့် မဇင်ဇော်အောင် တို့ ရေးဆွဲခဲ့သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် Logo Design ကို ပညာရေးဝန်ကြီးမှ ရွေးချယ်ခဲ့သည်။[2]
ကိုးကား
- မြန်မာ့အလင်း အယ်ဒီတာ့အာဘော် အောက်တိုဘာ၊ ၄ ၂၀၁၄ သတင်းစာမှ
- ကမ္ဘာ့ဆရာများနေ့ Logo Design အတွက် ကျောင်းသူ၂ဦး ပန်းချီပြိုင်ပွဲဝင်နေပုံ