မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုဥက္ကဋ္ဌ
တာဝန်သက်တမ်း
ဇူလိုင် ၁၉၉၃  ၃၀ မတ် ၂၀၁၁
ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ယခင်လူဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဆက်ခံသူသီဟသူရ တင်အောင်မြင့်ဦး နှင့် ဒေါက်တာ စိုင်းမောက်ခမ်း (ဒုသမ္မတ)
ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
တာဝန်သက်တမ်း
ဇူလိုင် ၁၉၉၃  ၃၀ မတ် ၂၀၁၁
ယခင်လူဗိုလ်ချုပ်မှူးကြီးသန်းရွှေ
ဆက်ခံသူဗိုလ်ချုပ်ကြီးစိုးဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1938-12-25) ၂၅ ဒီဇင်ဘာ၊ ၁၉၃၈
ကန့်ဘလူမြို့ဗြိတိသျှဘားမား[1]
နိုင်ငံရေးပါတီSPDC (စစ်အစိုးရ)
ကြင်ဖော်(များ)ဒေါ်မြမြစန်း[2]
သားသမီးနန္ဒာအေး[3]
မိခင်ကျောင်းစစ်တက္ကသိုလ်
ကိုးကွယ်သည့်ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
စစ်မှုထမ်းခြင်း
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
အမှုထမ်းကာလ၁၉၅၉-၂၀၁၁
ရာထူး ဒုတိယဗိုလ်ချုပ်မှူးကြီး

ငယ်စဉ်ဘဝ

၁၉၃၇ ခုနှစ် ဒီဇင်ဘာလ မှ စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်မှာ မွေးဖွားခဲ့ပြီး ၁၉၅၅-ခုနှစ်မှ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မေမြို့စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် ၁ မှ အောင်မြင်ခဲ့သည်။

နိုင်ငံရေး

၁၉၈၆ ခုနှစ် မှာ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ယူခဲ့သည်။


မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ

နိုင်ငံခေါင်းဆောင်ကာလ

၁၉၅၉ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် တာဝန်ပေးခြင်းခံရသည်။ ၁၉၈၈ အရေးအခင်းကာလတွင် နိုင်ငံတော် ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ တွင် ဗိုလ်ချုပ် အဆင့်၊ ၁၉၉၂ တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နဝတ ဒုတိယဥက္ကဋ္ဌ၊ ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးသို့တိုးမြှင့်ခြင်း ခံရပြီး တပြိုင်နက် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုပါ ခန့်အပ်ခြင်းခံခဲ့ရသည်။ ၁၉၉၄တွင် ဗိုလ်ချုပ်ကြီး၊ ၂၀၀၂တွင် ဒုတိယဗိုလ်ချုပ်မှူးကြီး တာဝန်များကို တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဇနီးဖြစ်သူမှာ ဒေါ်မြမြစန်း ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနတွင် ဗိုလ်မှူးအဆင့်ထိ တာဝန် ယူခဲ့သူ ဖြစ်သည်။

SPDC အဖွဲ့အတွင်း ပဋိပက္ခ

စစ်တိုင်းမှူးရာထူး ခန့်အပ်ရေးတွင်လည်းကောင်း၊ ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများနှင့် ပတ်သက်ပြီး ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် SPDC နံပါတ် တစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား အာဏာလွန်ဆွဲမှုများ ရှိသည်ဟု တပ်အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ သိရှိရသည်။SPDC အဖွဲ့၏ အထက်ပိုင်း ရာထူး အဆင့်ဆင့်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ် သစ္စာခံသူ အသီးသီးစီ ထားရှိရန် ကြိုးစားကြသည်ဟု နားလည် သဘောပေါက်ကြသည်။ ၂၀၀၅ ခုနှစ်တွင် နအဖ အစိုးရအဖွဲ့ကို ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့ခြင်းကို သူ့အနေဖြင့် ဆန့်ကျင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

အကဲခတ်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဝိုင်းပိတ်ထားရန် ကြိုးစားလျက်ရှိသည်ဟု ယုံကြည်ကြသည်။ ၂၀၀၈ ခုနှစ်မေလတွင် အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဥက္ကဋ္ဌဖြစ်သူကို အသိပေးခြင်း အကြံဉာဏ်ယူခြင်းမပြုခဲ့ပဲ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ဂေါက်ရိုက်သွားစဉ် တီဗီမှ ကြေငြာချက်ထွက်ပေါ်လာမှ သိရှိရသည်ဟု ဆိုသည်။ ရာထူးမှ ဖြုတ်ချပြီး အကျယ်ချုပ်ချထားခြင်း ခံရသော ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် နှိုင်းယှဉ်လျှင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ အမြဲတမ်း ဦးနှောက်ဉာဏ် နည်းသူ အဖြစ်ပြောဆိုလေ့ရှိကြသည်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား မဖြုတ်ချမီ ပထမခြေလှမ်းအဖြစ် ၂၀၀၄ခုနှစ်တွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းစစ်ဆေးရေး တာဝန်ရှိသည့် အကောက်ခွန်ဝန်ထမ်းများ အပါအဝင် အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများအား အုပ်စုလိုက် အရေးယူခဲ့သည်။

စီးပွားရေး အဆက်အသွယ်နှင့် လာဘ်စားမှု

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် ၁၉၇၀-၈၀ ခုနှစ်များက ရွှေတြိဂံဒေသတွင် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ကျစဉ် မှ ဘိန်းဘုရင်များနှင့် ခိုင်မာသည့် ဆက်ဆံရေးရှိသည်ဟု ယုံကြည်လျက်ရှိကြပြီး ရှမ်းပြည်တွင် စစ်တိုင်းမှူး အဖြစ်တာဝန် ယူစဉ်ကလည်း ရှမ်းပြည်မှ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့် ခိုင်မာသည့် ဆက်ဆံရေး တစ်ခုထူထောင်ခဲ့သည်ဟု ဆိုကြသည်။ ယခုလက်ရှိ ကမ္ဘောဇဘဏ်နှင် ဘီလျံဂရုပ် ပိုင်ရှင် ဦးအောင်ကိုဝင်း (ဆရာကျောင်း) မှာ သူ့နှင့်ထိုစဉ်က ရင်းနှီးခဲ့သူဖြစ်သည်။

၂၀၀၆ ခုနှစ်တွင် လုပ်ငန်းရှင်များက အစိုးရဝန်ထမ်းများ လာဘ်စားမှုကြောင့် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများ ဈေးမြင့်လာရသည်ဆိုသည့် တင်ပြချက်က ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကို စိတ်ဆိုးစေခဲ့သည်ဟု ဆိုသည်။ ထို့အပြင် လုပ်ငန်းရှင် သူဌေးကြီး ဦးတေဇက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကို နှစ်လိုခြင်းမရှိပဲ ၂၀၀၅ ခုနှစ်တွင် သူ ကုန်သွယ်ရေးမူဝါဒ ကောင်စီ ဥက္ကဋ္ဌ အနေဖြင့် တေဇပိုင် လုပ်ငန်းများ ကုန်သွယ်မှုများအပေါ် အခွန်ပိုမိုစည်းကြပ် ကောက်ခံရန် ဘဏ္ဍာရေးနှင့် ပြည်တွင်းအခွန် ဝန်ကြီးသို့ညွှန်ကြားခဲ့သည်ဟု သတင်းများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က တခါက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးကို နအဖ ခေါင်းဆောင်များအနက် အရည်အချင်းရှိသော ခေါင်းဆောင်တဦးဟု ရည်ညွှန်းပြောဆိုခဲ့ဘူးသည်။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာအတူသုံးဆောင်ခဲ့စဉ် ရင်းနှီးမှုကို ပြသခဲ့ပြီး နောက်ထိုသို့ရည်ညွန်းပြောဆိုခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခြားမုန်းတီးမှု

၂၀၀၄ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား နှိပ်ကွပ်ပြီးနောက်တွင် တိုင်းပြည်တွင်း (အထူးသဖြင့် ရှမ်းပြည်နယ်) နိုင်ငံတကာ အန်ဂျီအိုအဖွဲ့များ နှင့် နိုင်ငံခြားသား အမြောက်အမြား လှုပ်ရှားမှုရှိနေသည်ကို ထိတ်လန့်တကြားဖြင့် တပ်မတော် အရာရှိများအား သတိပေးခဲ့ကာ ထိုနောက်ပိုင်း ကုလ အဖွဲ့အစည်းများနှင့် အန်ဂျီအိုတို့၏ လုပ်ဆောင်မှုများအား ပိုမိုတင်းကြပ်စေခဲ့သည်။ ထိုင်းနိုင်ငံ တပ်မဟာ ၃ နှင့် အမေရိကန် တပ်တို့၏ မြန်မာထိုင်းနယ်စပ်၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်လိုသည့် သဘောထားရှိသည်ဟု ပြောဆိုကြသည်။

လူမျိုးစုများအပေါ် ရန်လိုခြင်း

ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တိုင်းရင်းသား လူမျိုးစုများအပေါ် ရန်လိုမုန်းတီးမှု ရှိသည်ဟု သတင်းများထွက်ပေါ် ခဲ့ပြီး အထူးသဖြင့် ကချင်နှင့် ကရင်လက်နက်ကိုင်များ အပေါ် မုန်းတီးသည်ဟု ဆိုသည်။ ၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ရရက်နေ့တွင် ပြုလုပ်သော ကရင်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချ အခမ်းအနားတွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ကရင်အလံအပေါ် ခြေဖြင့်နင်းလျှောက်သွားသည်ကို ရုပ်သံတွင်ထုတ်လွှင့်ခဲ့ဖူးသည်။

ကျန်းမာရေး

၂၀၀၃၊ ၄ နှစ်များက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ ကျန်းမာရေးချွတ်ယွင်းလျက်ရှိသည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ ဆီးကြိတ်ကင်ဆာ ရောဂါအတွက် အကြိမ်ကြိမ်ဆေးကုသမှု ခံယူခဲ့ရသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ရာထူးမှ အနားယူခဲ့သည်။

ကိုးကား

  1. General Maung Aye Mizzima Election 2010 Mizzima News (1 April 2010)။ 20 August 2011 တွင် ပြန်စစ်ပြီး။
  2. Maung Aye Alternative Asean Network on Burma။ 20 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-07-02 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 29 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 August 2018 တွင် ပြန်စစ်ပြီး။
  • Alternative ASEAN Network on Burma Website
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.