ပိုင်ရစ်သိုးယပ်စ်

ပိုင်ရစ်သိုးယပ်စ် (သို့) ပိရစ်သိုးယပ်စ် (အင်္ဂလိပ်: Pirithous; ဂရိ: Πειρίθοος or ရှေးဟောင်းဂရိ: Πειρίθους, /ပီရိသောရှ်/) သည် ဂရိဒဏ္ဍာရီတွင် သက်စာလီဒေသကြီးမှ လာရစ်ဆာမြို့၏ လားပစ်သ်နွယ် (Lapiths) ဘုရင်တစ်ဦးဖြစ်ကာ သူရဲကောင်း သီးဆီးယပ်စ်၏ အခင်မင်ဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်သည်။

Joseph Echteler နှင့် Richard Brend’amour တို့၏ "Pirithous' Kampf um Helena" (ပိုင်ရစ်သိုးယပ်စ်သည် ဟဲလင်ကို ကျားသစ်နက်ရန်မှ ကာကွယ်ခြင်း) ပန်ချီလက်ရာ

အထုပ္ပတ္တိ

ပိုင်ရစ်သိုးယပ်စ်သည် ဒိုင်ယာ (Dia) ၏ သားဖြစ်ကာ ဖခင်မှာ လစ်ပစ်သ်ဘုရင် အစ်ခ်ဆိုင်းယန် ဖြစ်နိုင်သလို[1][2][3] ဇုစ်လည်း ဖြစ်နိုင်သည်။[4][5] ပိုင်ရစ်သည် အေးထရက်စ် (Atrax) (သို့) ဗြူးတီးဇ် ၏ သမီး ဟစ်ပိုဒါမိုင်ဟယာကို လက်ထပ်ခဲ့သည်။ ၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲတွင် လစ်ပစ်သ်များနှင့် စန်းတော်များ၏ နာမည်ကြီး တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ၎င်း၏ ဇနီးသည်ဖြင့် ထရိုဂျန်စစ်ပွဲ၏ သူရဲကောင်းတစ်ဦးဖြစ်သော ပေါ်လီပီးတီးဇ် ကို ဖွားမြင်ခဲ့သည်။[6]

ကိုးကား

  1. Homer, Iliad 2.741 & 14.17
  2. Pseudo-Apollodorus, Bibliotheca 1.8.2
  3. Eustathius ad Homer, p. 101.1
  4. Homer, Iliad 14.317
  5. Hyginus, Fabulae 155
  6. Homer, Iliad 2.740 & 12.129
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.