အောဒစ်ဆီးယပ်စ်
အောဒစ်ဆီးယပ်စ် (အင်္ဂလိပ်: Odysseus; ဂရိ: Ὀδυσσεύς, Ὀδυσεύς, Ὀdysseús) ကို လက်တင် (ရောမ) ဘာသာဖြင့် ယူးလစ်ဆီးဇ် (Ulysses) အဖြစ်သိရှိကြ၍ အစ်သကာနယ်မြေ၏ ဒဏ္ဍာရီလာ ဘုရင်တစ်ပါးဖြစ်ပြီး ဟိုးမား၏ အောဒဆီ ကဗျာရှည်တွင် သူရဲကောင်းဖြစ်လေသည်။ အောဒစ်ဆီးယပ်စ်သည် ဟိုးမား၏ အိလိယဒ်ကဗျာတွင်လည်း အဓိကဇာတ်ကောင်တစ်ခုအနေဖြင့် ပါဝင်ခဲ့ကာ ထိုဖြစ်ရပ်တွဲရှည် ဇာတ်လမ်းကြီး၏ အခြားသော လက်ရာများတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
အောဒစ်ဆီးယပ်စ် | |
---|---|
ရောမခေတ် ဟဲလင်နစ်စတစ် စကျင်ကျောက်သားရုပ်တုများမှ အောဒစ်ဆီးယပ်စ်၏ ခေါင်းပိုင်းပုံ၊ ထိုစကျင်ရုပ်ထုများသည် ပေါလီဖီးမက်စ်ကို အောဒစ်ဆီးယပ်စ်က မျက်စိကန်းစေရန် လုပ်ဆောင်ခြင်းကို သရုပ်ဖော်ထား၏ ။ အီတလီနိုင်ငံ၊ စပါလွန်ဂိုပြည်နယ်၊ တိုင်းဘီယာရီးယပ်စ် စံအိမ်တွင် ရှာတွေ့ခဲ့ခြင်း။ | |
ဘုံဗိမာန် | ဂရိ၊ အစ်သကာနယ်မြေ |
ကိုယ်ရေး အချက်အလက် | |
မိဘများ | လေယားတီးဇ် အန်တစ်ခ်လီယာ |
ကြင်ရာတော် | ပါနဲ့လာပီး |
ကလေး | တစ်လဲမာကာ့စ် တာလဲ့ဂန်နာ့စ် |
ရောမ | ယူးလစ်ဆီးဇ် |
ဂရိဒဏ္ဍာရီ |
---|
နတ်ဘုရားများ |
|
သူရဲကောင်းနှင့် သူရသတ္တိ (ဆောင်ရွက်ချက်) |
|
ဆက်နွယ်မှုများ |
|
လေယားတီးဇ် နှင့် အန်တစ်ခ်လီယာတို့၏ သားဖြစ်၍ ပါနဲ့လာပီး၏ ခင်ပွန်း၊ တစ်လဲမာကာ့စ်နှင့် တာလဲ့ဂန်နာ့စ်တို့၏ ဖခင်ဖြစ်သည်။[1] အောဒစ်ဆီးယပ်စ်သည် ၎င်း၏ ဉာဏ်ရည်၊ ပရိယာယ်၊ စွယ်စုံထူးချွန်ခြင်းများကြောင့် ထင်ရှားကျော်ကြား၍ ထို့ကြောင့်ပင် ဂရိစကားဖြင့် (Greek: μῆτις or mētis, "မာယာများသည့် ဉာဏ်"[2]) ဟူသော ဂုဏ်ပုဒ်ဖြင့် ကျော်ကြားပေသည်။ အကျော်ကြားဆုံးမှာ ဆယ်စုနှစ်တစ်ခုကြသည့် ထရိုဂျန်စစ်ပွဲပြီးနောက် ၎င်း၏ အိမ်အပြန်ခရီးစဉ်သည် စိတ်ဝင်စားဖွယ်ဖြစ်ရပ် အသွယ်သွယ်ဖြင့် ပြည့်ဝှမ်းခဲ့၍ နောက်ထပ် ဆယ်စုနှစ်တစ်ခု ကြာခဲ့လေသည်။
ကိုးကား
- Epic Cycle. Fragments on Telegony, 2 as cited in Eustathias, 1796.35.
- μῆτις - Liddell and Scott's Greek-English Lexicon။ Perseus Project။ April 18, 2018 တွင် ပြန်စစ်ပြီး။