ထရစ်တောလိမက်စ်

ဂရိဒဏ္ဍာရီတွင် ထရစ်တောလိမက်စ် (အင်္ဂလိပ်: Triptolemus; ဂရိ: Τριπτόλεμος, Triptólemos) သည် အလက်ဆီး ဘာသာရေးပွဲတော်မှ ဒစ်မီးတာနတ်ဘုရားမနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အလက်ဆီးဘုရင် ဆီးလိယပ်စ်၏ အကြီးဆုံးသား ဖြစ်နိုင်ကာ ဆူဒို-အပေါလိုဒေါရပ်စ်၏ ဘစ်ဘလီယာသီကာကျမ်း (I.V.2) အရ ဂိုင်ယာနှင့် အိုဆီးယန်နပ်စ် တို့၏ သားလည်းဖြစ်နိုင်သည်။

ဒစ်မီးတာနှင့် ကိုးတို့အကြား ရပ်နေသော ထရစ်တောလိမက်စ်၊ အေသင် ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်မှ ကျောက်သားနံရံရုပ်ကြွ

ဒဏ္ဍာရီ

ပါဆက်ဖန်နီ ခိုးယူခေါ်ဆောင်ခံရခြင်း

[[ပါဆက်ဖန်နီ]ကို ဟေးဒီးစ်က ခိုးယူခေါ်ဆောင်သွားသဖြင့် ဒစ်မီးတာသည် သမီးဖြစ်သူကို အမယ်အိုယောင်ဆောင်၍ ရှာဖွေစဉ် ဘုရင် ဆီးလိယပ်စ်၏ နွေးထွေးသော ကြိုဆိုပျူငှာမှုကို ရရှိခဲ့သည်။ ထရစ်တော်လိမက်စ်၏ ညီအကို ပြိုင်ဖက်ဖြစ်သော ဒီမော့ဖွန်ကို စောင့်ရှောက်ပြုစုရန် ဘုရင်က ဒစ်မီးတာကို တောင်းဆိုသည်။ ဒစ်မီးတာက ထရစ်တောလိမက်စ်သည် နေမကောင်းဖြစ်နေ၍ သူမ၏ နို့ချိုကို တိုက်ကြွေးခဲ့သည်။ ထိုအခါ ခွန်အားများရရှိရုံမက ချက်ချင်းပင် လူကြီးတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားသည်။[1] ဆီးလိယပ်စ်ကို နွေးထွေးပျူငှာမှုအတွက် အခြားလက်ဆောင်တစ်ခုအဖြစ် သားဖြစ်သူ ဒီမော့ဖွန်ကို နတ်တစ်ပါးဖြစ်စေရန် တိတ်တဆိတ်စီစဉ်ရာ သေမျိုးဖြစ်သော ဒီမော့ဖွန်၏ ဝိဉာဉ်ကို မိသားစု၏ မီးလင်းဖိုတွင် ညတိုင်း မီးရှို့ပေးသည်။တစ်ည ဒီမော့ဖွန်၏ မိခင် မက်တာနိုင်းရာ ဝင်ရောက်လာကာ လန့်ဖျတ်သွားသဖြင့် စူးစူးဝါးဝါး အော်ဟစ်ခဲ့သဖြင့် ဒစ်မီးတာသည် ပြုလုပ်လျှက်ရှိသော ရိုးရာဓလေ့အစီစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပေ။ ထိုအစား ဒစ်မီးတာက ထရစ်တောမိလက်စ်ကကို စိုက်ပျိုးရေးပညာ၊ သင်ပေးရန် ရွေးချယ်ခဲ့ပြီး ၎င်းမှတဆင့်ဂရိနယ်တစ်ခုလုံးသည် ကောက်ပဲသီးနှံများကို စိုက်ပျိုး ရိတ်သိမ်းတတ်ခဲ့ကြပေသည်။ ထရစ်တော်လိမက်စ်သည် ဂရိနယ်တခွင် ခရီးသွားရာတွင် နဂါးများကသော စစ်ရထားဖြင့် ခရီးနှင်သည်။ ထိုစဉ် ပါဆက်ဖန်နီမီာလည်း မိခင်ဖြစ်သူထံ ပြန်လည်ရောက်ရှိပြီးဖြစ်သောကြောင့် သားအမိနှစ်ဦးသည် ထရစ်တော်လိမက်စ်၏ ဂရိတစ်နယ်လုံးအား စိုက်ပျိုးရေးပညာ သင်ကြားပေးခြင်း ရည်ရွယ်ချက် ပြည့်စေရန် ကူညီကြပြီး ၎င်းကိုလည်း စောင့်ရှောက်ကြ၏ ။ ထရစ်တော်လိမက်စ် အလက်ဆီး ဘာသာတရား ပြန့်ပွားလာခြင်းနှင့်အတူ တမလွန်ဘဝအတွက် "မျှော်လင့်ချက်ရှိခြင်း" (သဘောရေးရာ)နှင့်လည်း ဆက်နွယ်ပတ်သတ်မှုရှိသည်။[2]

ကိုးကား

  1. William Godwin (1876)။ Lives of the Necromancers
  2. Kerenyi, Karl, p 123, 1967. "Eleusis: Archetypal Image of Mother and Daughter (Princeton:Bollingen Series LXV.4)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.