အမ်ဖစ်ထရီယန်

အမ်ဖစ်ထရီယန် (အင်္ဂလိပ်: Amphitryon; ရှေးဟောင်းဂရိ: Ἀμφιτρύων) သည် အာဂေါလိစ်ဒေသကြီး (Argolis) မှ တိရင်ဇ်နယ်မြေ (Tiryns) ၏ ဘုရင် အဲလ်ဆီးယပ်စ်၏ သားဖြစ်သည်။ မိခင်ကို ဖော်ပြရာ၌ မူကွဲအမျိုးမျိုးရှိကြသည်။ အာနာဆော (Anaxo) ၊ ပဲရစ်မိဒီး (Perimede) တို့နှင့် မောင်နှမတော်စပ်သည်ဟု ဆိုသည်။[1][2] အစ်လက်ထရီယန်၏ သမီး အာလ်မီးနီး၏ ခင်ပွန်းဖြစ်ကာ ဂရိသူရဲကောင်း ဟဲရာကလီးဇ်၏ မွေးစားအဖေဖြစ်သည်။[3]

မော့လျယ် (Molière) ၏ အလွန်အောင်မြင်ခဲ့သော အမ်ဖစ်ထရီယန် ဟာသစာအုပ်၏ ရှေ့မျက်နှာ ကာတွန်း (၁၆၈၂)၊ ပြဇာတ်ဆရာ ပလောတပ်စ်၏ ဟာသပုံစံဇာတ်လမ်းကို အခြေခံယူထားကာ ဂျူပီတာ ခေါ် ဇုစ်သည် အမ်ဖစ်ထရီယန် အယောင်ဆောင်၍ သိမ်းငှက်ပေါတွင် စီးနေ၍ အိုလံပတ်တောင်မှ ဟားမီးဇ်ခေါ် မာကျူရီ ဆင်းလာ၍ ပြဇာတ်ပါ လူသားဇာတ်ကောင်များ၏ အရေးကိစ္စတွင် ဝင်ရောက်ရှုပ်နေခြင်း။

ဒဏ္ဍာရီ

အမ်ဖစ်ထရီယန်သည် သီးဗာမြို့၏ စစ်သူရဲကောင်းတစ်ဦးဖြစ်သော အမ်ဖစ်ထရီယန်သည် ယောက္ခမဖြစ်သူ မိုက်ဆီးနီဘုရင် အစ်လက်ထရီယန်ကို မတောတဆအနေဖြင့် သတ်မိသွားခဲ့သဖြင့် ဘုရင်၏ ညီအကို စသန့်နီလပ်စ်က တိုင်းပြည်မှ မောင်းထုတ်သည်။ အာလ်မီးနီနှင့်အတူ သီးဗာမြို့သို့ ထွက်ပြေးခဲ့ပြီး ထို၌ သီးဗာဘုရင် ခရီးယွန်က သေဒဏ်အပြစ်မှ ကင်းလွတ်စေခဲ့သည်။ အာလ်မီးနီသည် ကိုယ်ဝန်လွယ်ထားရကာ သူမကို လပ်ထက်ရန်တောင်းဆိုထားမှုရှိသော်လည်း သူမ၏ အကိုများ သေဆုံးခြင်းအတွက် လက်စားမချေရမချင်း လက်မထပ်နိုင်ပါဟု ငြင်းဆိုခဲ့သည်။ တေးဖော့စ်ကျွန်းသားများ (သို့) တေးဖီယန်ဇ်များ နှင့်တိုက်ပွဲတွင် သူမအကိုတစ်ဦးမှလွဲ၍ အကုန်ကျဆုံးခဲ့သည်။ ဖခင် အစ်လက်ထရီယန်သေသည်မှာလည်း ထိုစစ်ဆုတ်ပြီး ပြန်အလာ လမ်းတွင်ဖြစ်၏ ။

တေးဖီယန်ဇ်များကို တိုက်ရန်စစ်ဆင်မှုပြုခဲ့ရာ၌ ခရီးယွန်က ၎င်းတိုင်းပြည်ကို ဖျက်ဆီးရန် ဒိုင်ယာနိုက်ဆပ်စ်လွှတ်ထားသော တျူမက်ရှန်မြေခွေးကို အမ်ဖစ်ထရီယန်က သတ်ပေးလျှင် ကူညီမည်ဆိုထားသောကြောင့် အကူညီပေး အဖော်သဟဲပြု လိုက်ပါခဲ့သည်။

သို့သော်လည်း တေးဖီယန်ဇ်များကို တိုက်ခိုက်ကျော်လွှား၍ မရနိုင်လောက်အောင်ဖြစ်နေခဲ့သည်မှာ ဘုရင်သမီးတော် ကိုမီးသို (Comaetho) သည် အမ်ဖစ်ထရီယန်ကို ချစ်မြတ်နိုးမှု မတိုင်မချင်းအထိပင်ဖြစ်သည်။ တေးဖီယန်ဌ်ဘုရင် တဲရာလေးယပ်စ် (Pterelaus) ၌ ရွှေရောင်ဆံပင်တစ်ချောင်းကို ပိုင်ဆိုင်၍ ထိုဆံပင်က ၎င်းကို မသေမျိုးဖြစ်အောင် ဆောင်မထား၏ ။ ကိုမီးသိုက ထိုဆံပင်ကို နှုတ်ခဲ့ရာ တိုင်းပြည်ပျက်သည်။ အမ်ဖစ်ထရီယန် ကိုမီးသိုအား သေဒဏ်စီရင်၍ တေးဖီယန်ဇ်တိုင်းပြည်ကို ဆက်ဖာလာ့စ် လက်ထဲသိူ့ အပ်နှင်းခဲ့သည်။ သီးဗာသို့အပြန်၌ အာလ်မီးနီကို လက်ဆက်၍ အမွှာသားနှစ်ဦး ဖွားသည်။ ပထမသားမှာ အမ်ဖစ်၏ သားဖြစ်သော်လည်း အငယ်မှာ ဟဲရာကလီးဇ်ဖြစ်၍ ဇုစ်နှင့် အကြောင်းပါရထားသော သူဖြစ်၏ ။

ဇုစ်သည် အမ်ဖစ် စစ်ထွက်ခိုက်အာလ်မီးနီထံသို့ အမ်ဖစ်အယောင်ဆောင် ရောက်ရှိလာပြီး ရန်သူဘုရင် တဲရာလေးယပ်စ်တို့အပေါ် မည်သို့အောင်မြင်ကြောင်းစသဖြင့် ယုံနိုင်လောက်စေရန် အသေးစိတ်ပြောပြခဲ့ခဲ့သောကြောင့် အာလ်မီးနီက ခင်ပွန်းအဖြစ် လက်ခံခဲ့သည်။[3] အမ်ဖစ်နှင့် အလာမီးနီတို့တွင် လာအိုနော့မီးခေါ် သမီးတစ်ဦးလည်း ရှိသည်။

အီးဂျီယန်ဒေသနေ မင်းယန်နွယ်များနှင့် တိုက်ပွဲ၌ ကျဆုံးသည်။ ယင်းတိုက်ပွဲတွင် လူငယ်ဖြစ်နေပြီဖြစ်သော ဟဲရာကလီးဇ်က ကူညီခဲ့ပြီး သီးဗာမြို့ကို ဆိုးရွားလှသော မျိုးနွယ်စုထံကျရောက်ခြင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။ ယူရစ်ပစ်ဒီးဇ်၏ ဟဲရာကလီးဇ်ပြဇာတ်တွင် ပမ်ဖစ်ထရီယန်သည် ဟဲရာကလီးဇ်၏ ဇနီးနှင့် သားသမီးများကို သတ်ခြင်းအား မြင်တွေ့ကြုံကြိုက်ခဲ့သည်ဟု ဖော်ပြပါရှိသည်။

ကိုးကား

အောက်ခြေမှတ်စု

  1. Pseudo-Apollodorus, Bibliotheca 2.4.5
  2. Pausanias, Graeciae Descriptio 8.14.2
  3. Roman, L., & Roman, M. (2010). Encyclopedia of Greek and Roman mythology., p. 59, at Google Books

ရင်းမြစ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.