ကြာဆံဟင်းခါး

ကြာဆံဟင်းခါး သည် သရေစာအဖြစ်ရော ဟင်းအဖြစ်ပါ စားသုံးကြသော အစားအစာတစ်မျိုး ဖြစ်သည်။ ချက်ပြုတ်ရ လွယ်ကူပြီး ဝယ်စားပါက ဈေးသက်သာပြီး နေရာတိုင်း နီးပါးရနိုင်သော အစားအစာ တစ်မျိုး ဖြစ်သည်။ အချို့က ကြာဇံချက်ဟု ခေါ်ပြီး တချို့က ကြာဇံဟင်းခါးဟု ခေါ်ကြသည်။

ကြာဆံဟင်းခါး
မူရင်းနိုင်ငံမြန်မာနိုင်ငံ
Associated national cuisineမြန်မာအစားအသောက်
အဓိက ပါဝင်ပစ္စည်း
  • ကြာဆံ
  • မှို
  • တိုဟူးခေါက်
  • ပုစွန်
  • ငါး
Ingredients generally used
  • ကြက်သွန်
  • ငရုတ်ကောင်း
Cookbook: ကြာဆံဟင်းခါး  Media: ကြာဆံဟင်းခါး

ကြာဇံချက်တွင် အဓိက ပါဝင်သည်တို့မှာ

  • ပဲကြာဇံ
  • ကြက်သား/ကြက်ရိုး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ပဲပြား
  • မှိုခြောက် (ကြွက်နားရွက်မှို၊ အဖိုးကြီးနားရွက်)
  • ပန်းခြောက်
  • ပဲလိပ်
  • ငရုတ်ကောင်း
  • ငရုတ်သီး အရောင်တင်
  • ငံပြာရည်
  • နနွင်း
  • ဆီ/ဆား တို့ ဖြစ်သည်။

တချို့က ငုံးဥ၊ ကြက်ဥတို့ကိုလည်း ထည့်စားတတ်ကြသည်။[1]

ကိုးကား

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.