ဝက်သားကောက်ညှင်းထုပ်

ဝက်သားကောက်ညှင်းထုပ်သည် တရုတ်လူမျိုးတို့၏ အစားအစာ တစ်မျိုးဖြစ်သည်။

ဝက်သားကောက်ညှင်းထုပ်

ပါဝင်သောပစ္စည်းများ

တောင်စွန်ဖက်ရွက်
ကောက်ညှင်းဆန်
အဆီအသားရောနေသော ဝက်သား
ပြုတ်ထားသော ဘဲဥဆားစိမ်
ကြက်သွန်ဖြူအမွှာကြီး
မှိုခြောက်ပွင့်
သီဟိုဠ်စေ့
ငရုတ်ကောင်းမှုန့်
တရုတ်မဆလာ
ဆီ
ဟင်းခတ်မှုန့်
ဆား
ပဲငံပြာရည်အနောက်
ဂျင်း

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဆုံးအနေနဲ့ကတော့ ဖက်နဲ့ထုပ်တဲ့ အချိန်မှာ ရေမဝင်အောင်လုပ်ဖို့ လိုပါတယ်။ ဝက်သား ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် အသုံးပြုမည့် တောင်စွန်ဖက်များကို ရေဆေး၍ ရေစင်အောင်သုတ်ပါ။ ကောက်ညှင်းဆန်များကိုလည်း ရေဆေး၍ အသင့်ရေစိမ်ထားပါ။ အဆီအသားရောနေသော ဝက်သားကို ရေးဆေး၍ အတုံးသေးများတုံးကာ ပဲငံပြာရည် အနောက်၊ ဆား၊ ဟင်းခတ်မှုန့်တို့နှင့် ရောနယ်ထားပါ။

ဝက်သားမနှစ်သက်ပါက ကြက်သားကို သုံးလို့ရပါတယ်။ ပြုတ်ထားသော ဘဲဥ ဆားစိမ်ကိုလည်း အစိပ်သေးသေးလေးများ လှီးထားပါ။ ပုစွန်ခြောက်ကြိုက်ရင် ထည့်လို့ရပါတယ်။ မှိုခြောက်ပွင့်ကိုလည်း ရေစိမ်ကာ အသေးလေးများ ဖြစ်အောင် လှီးထားပါ။ ကြက်သွန်ဖြူ အမွှာကြီးများကို အခွံနွှာကာ လေးစိပ်စိပ်ပါ။

ကြက်သွန်ဖြူ အမွှာသေးများနှင့် ဂျင်းကိုမူ ရောပြီးညက်နေအောင် ထောင်းပါ။ အာလုံး အဆင်သင့်ဖြစ်ရင် ဆီအနည်းငယ်ကို ပူအောင်တည်ကာ ဂျင်းနှင့်ကြက်သွန်ဖြူများ ညက်နေအောင် ထောင်းထားသည်များကို ဆီသတ်ကာ ဝက်သားများကိုလည်းထည့်၍ နူးလာအောင် ချက်ပေးပါ။

မှိုခြောက်ပွင့်၊ ငရုတ်ကောင်းမှုန့်နှင့် တရုတ်မဆလာတို့ကိုလည်း ထည့်ချက်ပေးပါ။ ဟင်းကျက်လာသော အချိန်တွင် ရေစိမ်ထားသော ကောက်ညှင်းဆန်များကို ဟင်းထဲသို့ ထည့်၍ မကျေအောင်မွှေပေးပါ။ သီဟိုဠ်စေ့နှင့် ပုစွန်ခြောက် အကောင်ကြီးတို့ကိုလည်း ထည့်မွှေပေးပါ။ ပြီးရင် အအေးခံထားပါ။

ပြီးနောက် တောင်စွန်ဖက်ကို ကတော့ပုံစံပြုလုပ်၍ ကောက်ညှင်း၊ အသား၊ မှို၊ သီဟိုဠ်စေ့နှင့် ပုစွန်ခြောက်တို့ကို မှျအောင်ထည့်ပေးပါ။ ပြုတ်ထားသော ဘဲဥကိုလည်း ကောက်ညှင်း အလယ်တွင်ထည့်ပေးပါ။ ထို့နောက် လုံအောင်ထုပ်၍ ကြိုးချည်ကာ ရေနွေးငွေ့ခံပေါင်းအိုးတွင် ထည့်ကာမိနစ်သုံးဆယ်၊ လေးဆယ့် ငါးမိနစ်နီးပါး ကျက်လာသည်အထိ ပေါင်းပေးပါ။

ဝက်သားအဆီများ ကောက်ညှင်းအတွင်း စိမ့်ဝင်ပြီး အသားများနူးလာချိန်တွင် ကောက်ညှင်းထုပ်ကို ကျက်သောအနေအထားနှင့် တွေ့ပြီး အရသာရှိလှသော ဝက်သားကောက်ညှင်းစားစရာ အမယ်တစ်မျိုးကို ရရှိပေလိမ့်မည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.