ဝက်သားတုတ်ထိုး
ဝက်သားတုတ်ထိုးသည် ဝက်သားဖြင့် ပြုလုပ်သော အစားအစာတစ်ခုဖြစ်ပြီး လူကြိုက်များသော အစားအစာ တစ်မျိုးဖြစ်သည်။
ပါဝင်သောပစ္စည်းများ
- ဝက်နားရွက်၊ ဝက်လျှာ၊ အူပိတ်၊ ကျောက်ကပ်၊ နှလုံး၊ အသဲ၊ အသား၊ အခေါက် စသည်များ
- ကြက်ဥ
- ရှာလကာရည်၊ ဟင်းချက်ဝိုင်၊ ခရုဆီ၊ ပျားရည်၊ ငံပြာရည်အကြည်၊ ဆီ
- ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်၊ ဆား၊ သကြား၊ တရုတ်မဆလာ
- နာနတ်ပွင့်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ငရုတ်ဆီ
အချဉ်ရည် ဆော့စ်
ဝက်သားတုတ်ထိုးကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ၊ ဆား၊ သကြား၊ ငံပြာရည်၊ ရှာလကာရည်၊ ထမင်းရည် စသည်တို့ဖြင့် ပြုလုပ်သော ဆော့စ်အချဉ်ရည်ဖြင့် တွဲဖက် စားသုံးကြသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.