ရှမ်းခေါက်ဆွဲ

ရှမ်းခေါက်ဆွဲသည် ရှမ်းရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ ရှမ်းခေါက်ဆွဲတွင် ခေါက်ဆွဲဖတ်ကို မူတည်၍ အမျိုးအစားကွဲပြားသည်။ ဆန်စီး၊ ဆန်ဖွယ်(ရေစိမ်)၊ တို့ဟူးပျော့ ဟူ၍ကွဲပြားပြီး အသုပ်၊ အရည်ဖျော်ဟူ၍ ကြိုက်နှစ်သက်သလို သုံးဆောင်ကြသည်။ ရှမ်းခေါက်ဆွဲကို ကြက်သား၊ ဝက်သားနှင့် သားသတ်လွတ် အမျိုးမျိုး ပြုလုပ်စားသုံးကြသည်။

ရှမ်းခေါက်ဆွဲ


သားသတ်လွတ် ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း

ပါဝင်သော ပစ္စည်းများမှာ ဆန်ခေါက်ဆွဲ (Kway Teow)၊ ပဲငပိ (Chilli bean sauce)၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ပဲပြားနှင့် ကြက်သွန်ဖြူဆီတို့ ဖြစ်သည်။

ကြက်သွန်ဖြူဆီ လုပ်ရန် ဆီပူတွင် ကြက်သွန်ဖြူ လှီးပြီးသား များကို ထည့်ကြော်၍ ကြက်သွန်ဖြူဆီချက်လုပ်ပါ။ ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာလျှင် မီးဖိုမှ ချပြီး ဆီထဲသို့ Black Pepper အမုန့် အနည်းငယ်ထည့်ထားပါ။

ခေါက်ဆွဲ အနှစ်ချက်နည်း

ဆီပူလာလျှင် လှီးထာသော ကြက်သွန်နီကို ကြော်ပါ။ ကြက်သွန် နွမ်းသွားလျှင် ခရမ်းချဉ်သီး ထည့်ကြော်ပါ။ ပဲငပိ စတီးဇွန်း ၂ဇွန်းခန့်၊ ဆား၊ အချိုမူန့်ထည့်ပြီး ရေအနည်းငယ် ရော၍ ခဏအဖုံးအုပ်ထားပါ။ ခရမ်းချဉ်သီး ကြေသွားလျှင် လှီးထားသော ပဲပြား အတုံးလေးများကို ရောလိုက်ပါ။ဆီပြန်လာလျှင် ရပါသည်။

ခေါက်ဆွဲ ပြင်နည်း

ခေါက်ဆွဲ ကို တစ်ပွဲစာ ထည့်ပါ။ ဆား၊ အချိုမုန့်၊ ပဲငံပြာရည် (ကြာညို့) အနည်းငယ် ထည့်ပါ။ ကြက်သွန်ဖြူဆီ ထည့်ပါ။ ခေါက်ဆွဲအနှစ် ထည့်ပါ။ နောက်ဆုံးတွင် ထောင်းထားသော မြေပဲဆံ ဖြူးပြီး နယ်စားနိုင်ပါသည်။ မုန့်ညှင်းချဉ် ထည့်၍ စားသုံးနိုင်ပေသည်။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.