ခရမ်းသီးငါးခြောက်ချက်

ရခိုင်ပြည်တွင် ချောင်းကမ်းဝဲယာများနှင့် ကျွန်းများပေါ်တွင် စိုက်ခင်းများစိုက်ပျိုးကြသည်။ ထိုကဲ့သို့စိုက်ခင်းများစိုက်သောကျွန်းများကို ကိုင်း ဟုခေါ်သည်။ ယင်း ကိုင်းများတွင် ငရုတ် ဖရဲ ပဲ ဖရုံ သခွား ခရမ်း အစရှိသည်များကိုနှစ်စဉ်စိုက်ပျိုးကြပြီး ထိုမှ ရသော အသီးအနှံများကို ကိုင်းသီးဟုလည်းခေါ်ကြသည်။ ထိုကိုင်းများမှရသော ခရမ်းသီးများကို ထက်ခြမ်းခြမ်းပြီး တဖန် အစိတ်ငယ်လေးများအဖြစ်ထပ်မံစိတ်သည်။ အချို့ က အခြမ်းလိုက်အတိုင်း ဓားဖြင့် အစိတ်ငယ်ပြုသယောင်လုပ်သည်။ ( ဆိုလိုသည်မှာ ဟိုဖက်ကို ပြတ်သွားအောင်စိတ်ခြင်းမျိုးမဟုတ်ဘဲ အခြမ်းကို ဓားဖြင့် နောက်ထပ် သုံးပုံနှစ်ပုံခန့် လှီးပေးခြင်းမျိုးဖြစ်သည်။) ထိုကဲ့သို့လှီးစိတ်ထားသော ကိုင်းခရမ်းသီးများဖြင့် ငါးခြောက်များကို (များသောအားဖြင့် ငါးသရွဲခြောက်၊ငါးနီတူခြောက်များ) ငရုတ်သီးစိမ်းမညက်တညက်ထောင်း၊ ငါးပိအနည်းငယ်နှင့် ရောချက်ခြင်းဖြစ်သည်။ အိုးချခါနီးတွင် နံနံပင် သို့မဟုတ် စမြိတ်ပင်များထည့်သည်။


ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.